Charger မပါလို့ Brazil မှာ ဒဏ်ကြေးထပ်ဆောင်လိုက်ရတဲ့ Apple

ပြီးခဲ့တဲ့လကပဲ Apple အနေနဲ့ Charger တွေထည့်ရောင်းမပေးရင် Brazil မှာ ဖုန်းရောင်းခွင့်ပိတ်ရမယ်လို့ အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။ တစ်ကယ်လို့ Adapter မပါပဲဆက်ပြီးရောင်းချမယ်ဆိုရင် Apple အနေနဲ့ ဒဏ်ကြေး ဒေါ်လာ ၂သန်းကျော် ဆောင်ဖို့အတွက် Brazil အစိုးရက အမိန့်ချခဲ့ပါတယ်။

ခုလည်း နောက်ထပ် Brazil စားသောက်သူကာကွယ်ရေးအသင်းတစ်ခုက Apple ကို တရားစွဲခဲ့ပါတယ်။ iPhone အသုံးပြုသူ Brazil နိုင်ငံသားတွေအနေနဲ့ မပြည့်စုံတဲ့ ထုတ်ကုန်တစ်ခုကို ဝယ်ယူနေရတာဖြစ်ပြီး၊ ဖုန်းအလုပ်လုပ်ဖို့အတွက် နောက်ထပ် အပိုပိုက်ဆံပေးနေရတယ်လို့ သတ်မှတ်တာကြောင့် တရားရုံကနေ Apple ကို ဒဏ်ကြေး ဒေါ်လာ ၁၉ သန်းထပ်မံချမှတ်လိုက်ပါတယ်။

တရားသူကြီး Caramuru Afonso Francisco ရဲ့အမိန့်အရ iPhone 12 နဲ့ iPhone 13 ဝယ်ယူခဲ့သူတိုင်းကို Charger အသစ်တွေ ပေးရမှာဖြစ်ပြီး နောက်ပိုင်းထပ်မံရောင်းချသွားမယ့် ဖုန်းတွေမှာလည်း Charger မပါရင် ရောင်းချခွင့်ပိတ်ပင်သွားမယ်လို့ အမိန့်ချခဲ့တာပါ။ ဒါပေမယ့် ဒီအဆိုကို Apple ဖက်က အယူခံဝင်ခွင့်တော့ ရှိသေးသလို Apple ကဘယ်လို့ တုံ့ပြန်သွားမယ်ဆိုတာ မသိရသေးပါဘူး။

Apple အနေနဲ့ ဥရောပဖက်မှာလည်း USB-C ပြောင်းဖို့ကိစ္စ အကြီးအကျယ်တိုင်ပတ်နေသလို၊ တစ်ခြား Region မှာလည်း စားသုံးသူရေးရာတွေက အပြည့်အဝကာကွယ်ပေးထားလို့ သူတို့ရဲ့ Charger တွေမပါပဲရောင်းချပြီး သဘာဝပတ်ဝန်းကျင်ကာကွယ်မယ့် အစီအစဥ်ဘယ်လို့ ရှေ့ဆက်မယ်ဆိုတာ စောင့်ကြည့်ရပါမယ်။ မိတ်ဆွေတို့ရော iPhone ဝယ်ရင် Adapter ပါတာ ကြိုက်လား၊ မပါတာကြိုက်ကြလားဗျ?

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အချိန်ဖြုန်းလို့ကောင်းမယ့် Mini Games များ

Next
Next

Facebook followers losing bugs