Always-on display မှာ Android နဲ့ iPhone ဘယ်သူပိုသာလဲ

Apple အနေနဲ့ Android ရဲ့Always-on-display ကို iPhone 14 Series မှာစတင် မိတ်ဆက်ခဲ့ပေမယ့် Android အနေနဲ့ AOD သုံးနေတာ ဆယ်စုနှစ် ၁ ခုမကတော့ပါဘူး။ Nokia ဖုန်းကနေစတင်ခဲ့တဲ့ AOD Trend ကို Samsung, Xiaomi, Huawei စတဲ့ Android လောကတစ်ခုလုံး ဆက်တိုက် အသုံးပြုလာတာ ၂၀၀၈ ကတည်းပါ။

ဒါပေမယ့် Apple အနေနဲ့ AOD ကိုထည့်ပေးလိုက်တဲ့အခါမှာတော့ AOD ဆိုတာကြီးကို မခံစားရပဲ အတော်များများ Screen ကိုမှိန်ပေးလိုက်တယ်လို့ပဲ ခံစားရတဲ့ ခံစားချက်ကြီးက အတော်ဆိုးပြီး တစ်ခါတစ်လေ ဖုန်းကို ၂ ခါပြန်ကြည့်မိတဲ့ အခိုက်အတန့်တွေပါ ရှိပါတယ်။ ဒါကြောင့်မို့ iPhone AOD သုံးရတာ ကျေနပ်အဆင်ပြေလား၊ မပြေဘူးလားဆိုတာကို စစ်တမ်းကောက်ယူတဲ့အခါမှာတော့ Android ရဲ့ AOD ကိုပဲ အများစုက ကြိုက်နှစ်သက်ကြတယ်လို့ တုံ့ပြန်ခဲ့ကြတာပါ။

စစ်တမ်းမှာ လူပေါင်း ၂၀၀၀ ကျော်ပါဝင်ခဲ့ပြီး Android ရဲ့ AOD စနစ်ကို ကြိုက်သူ ၇၅ ရာခိုင်နှုန်းကျော်ရှိပါတယ်။ တစ်ကယ်တော့ နှစ်ဆယ်ချီကြာနေတဲ့ Android တွေအတွက် နိုင်ဖို့ ရာခိုင်နှုန်းများပြီးသားပါ။ ဒုတိယအနေနဲ့ Apple AOD ကိုကြိုက်ပေမယ့် ပိုပြီး Customization လုပ်လို့ရတဲ့ AOD လိုချင်တယ်လို့ ဖြေဆိုခဲ့ကြသူကတော့ ၁၀ ရာခိုင်နှုန်းကျော်ရှိပြီး ကျန်တဲ့ သူတွေကတော့ Apple ရဲ့ လောလောဆယ် AOD ကိုပဲ လုံးဝကြိုက်နှစ်သက်ပါတယ် ဆိုတဲ့ အဖြေပဲဖြစ်ပါတယ်။

Apple ရဲ့ AOD အနေနဲ့ နေ့ဖက် နေ့အလင်းထဲမှာပါ မြင်နိုင်တဲ့ Brightness ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ကြားနေရပေယ့် တစ်ဖက်မှာတော့ Apple ရဲ့ထုံးစံအတိုင်း Hardware နဲ့ Software ဟန်ချက်နီနီ ပြန်ထိန်းသွားလို့ Battery Drain အရမ်းမများပဲScreen Time အနည်းဆုံး 8 နာရီလောက်ထိရတယ်ဆိုတဲ့ Review တွေလည်းရရှိထားပါတယ်။

မိတ်ဆွေတို့ရော ဘယ်ဖုန်းရဲ့ AOD ကိုပိုကြိုက်လဲဗျ

Ref : Android Authority

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Facebook followers losing bugs

Next
Next

Crash Detection ပြဿနာဖြစ်နေတဲ့ iPhone 14 Series