ဒီနှစ်အတွင်း Android 13 Update ရဖို့မသေချာတဲ့ Nothing Phone 1

https://www.gsmarena.com/nothing_phone_1_android_13_release_date_time_frame-news-55507.php

Stock Android ဖုန်းတွေနဲ့ Pixel တွေကို ဘာလို့ အသုံးပြုသူတွေ ရွေးချယ်ကြလဲဆိုတော့ ပထမဆုံးအဖြေက Android Update အစောဆုံးလိုချင်လို့လို့ဖြေပါလိမ့်မယ်။ ပေါ့ပါးတဲ့ Android Os၊ Hardware နဲ့ Software Optimize ဖြစ်မှု၊ Ram Optimization၊ Bloatware ကင်းမှု အစရှိတဲ့ အချက်တွေကြောင့် ဒီလိုဖုန်းတွေကို ရွေးချယ်ကြတာပါ။ လောလောဆယ်ထွက်ရှိထားတဲ့ Nothing Phone 1 မှာ Android 12 ကိုအခြေခံထားပြီး Stock Android နီးနီး ရှင်းရှင်းလင်းလင်းဖြစ်နေတဲ့ OS တစ်ခုပါပဲ။ ဒါပေမယ့် Founder Carl Pei ကတော့ Android 13 Update ရဖို့ အနည်းဆုံး ၆ လခန့်ကြာဦးမယ်လို့ ဆိုပါတယ်။

၂၀၂၃ ဇန်နဝါရီနဲ့ ဇွန်လအတွင်းမှာ Android 13 Update ကိုထုတ်ပေးသွားမှာဖြစ်သလို၊ လောလောဆယ်အတွင်းမှာတော့ Software Update တွေကို Bugs ရှင်းတဲ့အနေနဲ့ ထုတ်ပေးနေမယ်လို့ဆိုပါတယ်။ တစ်ကယ်တော့ Android 13 ဟာ Pixel ဖုန်းတွေမှာ ရနေတာကြာပြီဖြစ်ပါတယ်။ တစ်ချို့ Brand ဖုန်းတွေမှာဆိုရင်လည်း Beta Testing အဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ Nothing Dev Team အနေနဲ့ သူတို့ရဲ့ OS ကို Hardware နဲ့ အသားကျဖို့နဲ့ Optimize ဖြစ်ဖို့အတွက် အချိန်ယူဖို့လိုအပ်နေသလို၊ ကြားကာလမှာလည်း User Experience ကိုပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးဖို့အတွက် Developement တွေပြုလုပ်သွားဖို့ အချိန်ယူတာဖြစ်တယ်လို့ဆိုပါတယ်။

Nothing Phone Software Support အနေနဲ့ တစ်လကို ၂ကြိမ် Security Update နဲ့ ၄ နှစ်၊ Android Version Update ၃ နှစ်အထိပေးသွားဖို့ ကြေငြာထားပါတယ်။ ခုလိုလပိုင်းပဲရှိသေးတဲ့ OS တစ်ခုနဲ့ ထွက်ခါစပဲရှိသေးတဲ့ ဖုန်းတစ်လုံးအနေနဲ့ နောက်ဆုံးပေါ် OS တစ်ခုကို တစ်နှစ်လောက်ထိအချိန်ယူပြီး ထုတ်ပေးမယ်ဆိုတာ UP TO DATE ဖြစ်ချင်တဲ့ Android User တွေအတွက်တော့ စိတ်ပျက်စရာဖြစ်သလို Nothing အနေနဲ့လည်း ဖြစ်သင့်ရဲ့လားဆိုတာ ပြန်စဥ်းစားသင့်ပါတယ်။ ဖုန်း ၁ လုံးပဲရှိသေးတဲ့အချိန်မှာ Update ပေးတာနောက်ကျခဲ့ရင် ဖုန်း Line-Up တွေများလာတဲ့အခါ ဘယ်လိုလုပ်မလဲ၊ ပိုနောက်ကျလာမလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Facebook Error ကြောင့် Celebrity Posts တွေကို NewsFeed မှာဆက်တိုက်ဖော်ပြ

Next
Next

Apple Car အချက်အလက်တွေ တရုတ်ကိုရောင်းစားခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ တရုတ်နည်းပညာရှင်