eSIM တစ်ခုနဲ့ ဖုန်းအော်ပရေတာ ၂ ခုသုံးနိုင်မယ့် Android 13

Esper အရ Google အနေနဲ့ Android 13 မှာ eSIM သုံးတဲ့သူတွေအတွက် အပြောင်းလဲကြီးတစ်ခု ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ အဲ့တာကတော့ eSIM တစ်ခုကို ဖုန်းအော်ပရေတာ ၂ ခုသုံးလို့ရအောင် ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဖုန်းထုတ်လုပ်သူတွေအနေနဲ့ sim နေရာမှာ တစ်ခြား လိုအပ်တာတွေထည့်နိုင်တော့မှာဖြစ်ပါတယ်။

Multiple Enabled Profiles (MEP) လို့ခေါ်တဲ့ နည်းပညာနဲ့ eSIM တစ်ခုမှာ Carrier Profile တစ်ခုထက်ပိုပြီး ထည့်နိုင်တဲ့နည်းပညာကို စမ်းသပ်နေတာဖြစ်ပါတယ်။ ဒီနည်းပညာကို Google အနေနဲ့ရှေ့ပြေး မော်ဒယ်အနေနဲ့ စမ်းသပ်တာ အောင်မြင်နေပြီဖြစ်ပါတယ်။ ဒီနည်းပညာဟာ SIM တစ်ခုတည်းကို Connection ၂ ခုခွဲပြီး ချိတ်ဆက်စေတာဖြစ်ပါတယ်။ အရင်တုန်းကလည်း Google အနေနဲ့ ဒီနည်းပညာကို Pixel ရဲ့ Hardware ထဲမှာ စမ်းသပ်နေခဲ့တယ်လို့ သိရပါတယ်။

အပြောင်းအလဲကြီးအနေနဲ့ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ဖုန်းဆင်းကဒ် slot တွေကို ဖြုတ်ထားပြီး တစ်ခြားအပို Hardware တွေပါလာနိုင်တာမို့ ပိုကောင်းတဲ့ Sensor တွေ၊ ပိုကောင်းတဲ့ လုပ်ဆောင်ချက်အသစ်တွေ ပါလာတော့မှာမို့ အနာဂတ်ဖုန်းတွေအတွက် အပြောင်းအလဲကြီးဖြစ်လာတော့မှာပါ။ MicroSD ကဒ်တွေလည်း ပြန်ပါလာနိုင်ချေရှိပြီး ပိုကြီးတဲ့ Batterry တွေလည်းပါလာနိုင်မယ်လလို့ ခန့်မှန်းရပါတယ်။

ဒီီ Software လုပ်ဆောင်ချက်အသစ်ကို Android 13 မှာအရင်ဆုံးပါဝင်လာမှာဖြစ်ပေမယ့် iOS နဲ့ Windows တွေမှာပါ အသုံးပြုလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Elon Musk ကို ဘုတ်ဒါရိုက်တာအဖွဲ့ဝင်အဖြစ် Twitterကမ်းလှမ်းထား

Next
Next

OPPO ရဲ့ Fast Charging နည်းပညာတွေထဲက တစ်ခုဖြစ်တဲ့ 33W SUPERVOOC Charge နဲ့ ထွက်ရှိတာတဲ့ OPPO A76 ဖုန်းအသစ်