OPPO ရဲ့ Fast Charging နည်းပညာတွေထဲက တစ်ခုဖြစ်တဲ့ 33W SUPERVOOC Charge နဲ့ ထွက်ရှိတာတဲ့ OPPO A76 ဖုန်းအသစ်

Fast Charging နည်းပညာမှာ OPPO ဟာ Pioneer Brand တစ်ခုလို့ ပြောလို့ရပါတယ်။ Flagship Smartphone တွေမှာတောင် Fast charging တွေ အရမ်းကြီး Mainstream မဖြစ်သေးဘဲ 15W, 18W လောက်ပဲပါတဲ့အချိန်မှာတောင် Mid-range ဖြစ်တဲ့ OPPO F9 မှာ 20W VOOC Charge ကိုထည့်ပေးခဲ့ပါတယ်။

 

မြန်မာနိုင်ငံရဲ့စျေးကွက်အတွင်းမှာ OPPO ဟာ A Series ရဲ့ ပထမဦးဆုံး Smartphone အဖြစ် OPPO A37 ကို ၂၀၁၆ မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ OPPO A37 ကို မိတ်ဆက်ခဲ့ပြီးနောက်မှာတော့  OPPO A57၊ A7၊ A3s၊ A5s၊ A31၊ A33 စတဲ့ Series တွေကို မြန်မာနိုင်ငံအတွင်း မြန်မြန်ဆန်ဆန် မိတ်ဆက်ပေးခဲ့ပါတယ်။ OPPO A9 2020 နှင့် A5 2020 တို့ကို ၂၀၁၉ ခုနှစ်အတွင်း A series ကို အဆင့်မြင့်တင်ပေးခဲ့တဲ့နောက်မှာတော့ OPPO A series ဟာ Mid-range စျေးကွက်အတွင်း လူသိများ အောင်မြင်တဲ့ Smartphone Series အဖြစ် ရပ်တည်လာပါတယ်။ ၂၀၂၀ နောက်ပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ A52၊ A53 နှင့် A54 တို့ဟာလည်း မြန်မာနိုင်ငံ Smartphone လောက၏ Mid-range စျေးကွက်အတွင်း နေရာတစ်နေရာ ရရှိလာခဲ့ပြီး A series ရဲ့ ဒီဇိုင်းပိုင်း၊ စွမ်းဆောင်ရည်ပိုင်းနဲ့ မြန်နှုန်းမြင့်အားသွင်းနည်းပညာတွေကို OPPO အသုံးပြုသူတွေ အကြိုက်တွေ့လာကြပါတယ်။

VOOC Charge (Voltage Open Loop Multi-step Constant-Current Charging) ဆိုတာကတော့ Voltage နည်းနည်း Current များများနဲ့ အားသွင်းပေးတဲ့ OPPO ရဲ့ Self-developed Charging Technology ပဲဖြစ်ပါတယ် ။ OPPO ရဲ့ VOOC Charge ဟာလည်း တဖြည်းဖြည်း Upgrade လုပ်လာရင်းနဲ့ အခုဆို OPPO ရဲ့ နောက်ဆုံးအသစ်ထွက်ထားတဲ့ Mid-range Model ဖြစ်တဲ့ A76 မှာ 33W SUPERVOOC Fast Charging ကိုပါ ထည့်သွင်းပေးလာပါပြီ။

 

SUPERVOOC ဟာ VOOC Charge ထက် အများကြီးပိုမြန်ပြီး အခြား Fast Charging တွေထက် အဓိက အားသာတဲ့အချက်ကတော့ အားသွင်းနေစဥ်မှာ အပူချိန်မတက်လာအောင် ထိန်းပေးထားနိုင်တာပါပဲ။ Current များများနဲ့ပဲ သွင်းတာဖြစ်တဲ့အတွက် Voltage များများနဲ့ သွင်းတဲ့ Fast charging တွေမှာလိုမျိုး အပူလွန်ကဲတဲ့ ပြဿနာတွေ မရှိတော့တာပါ။ ဖုန်းကို အားသွင်းရင်း နဲ့ သုံးနေတဲ့အချိန်မှာတောင် တခြားဖုန်းတွေနဲ့ မတူဘဲ Fast Charging နဲ့ Battery ကို ဆက်သွင်းနေဦးမှာပဲ ဖြစ်ပါတယ်။

33W SUPERVOOC နဲ့ OPPO A76 ရဲ့ 5000mAh Battery ကို အားအပြည့်သွင်းဖို့ ၇၁ မိနစ်လောက်ပဲ ကြာပါတယ်။ ၁၀ မိနစ်လောက်သွင်းရင် ၂၃% လောက် အားဝင်ပြီး နာရီဝက်ကို ၅၅% လောက်အထိ အားဝင်တာဖြစ်တဲ့အတွက် ခဏတာအတွင်းမှာတင် တစ်နေ့လုံး ဖြတ်သန်းလို့ရတဲ့ Battery အားကို ရရှိနိုင်ပါတယ်။ အားသွင်းတဲ့အခါမှာလည်း Two Way ပုံစံမျိုးနဲ့ Current နဲ့ Voltage ကို Phone နဲ့ Adapter ကနေ Monitoring လုပ်ပေးပြီး ပို Smart ဖြစ်ဖြစ်နဲ့ အားသွင်းပေးတဲ့အတွက် Battery Life ကို သိသိသာသာ ကြာရှည်ခံစေပါတယ်။ ဒီအတွက်ကြောင့် ပမာဏများတဲ့ OPPO A76 ရဲ့ 5000mAh ရှိတဲ့ Battery လိုမျိုးတွေကို နှစ်အကြာကြီး Battery life မကျစေဘဲဘဲနဲ့ အားသွင်းနိုင်ပါတယ်။

 

စမ်းသပ်ချက်တွေအရ YouTube ကို ၂နာရီခွဲလောက်ကြည့်တာတောင် ၂၅% လောက်ပဲ ကုန်တဲ့အတွက် အကြမ်းဖျင်းအားဖြင့် YouTube ကြီးပဲ သီးသန့်ကြည့်မယ်ဆိုရင် ၁၀ နာရီလောက် တောက်လျောက်ကြည့်လို့ရပါတယ်။ အားအပြည့်သွင်းထားတဲ့အချိန်မှာ Voice Call ၄၂ နာရီ၊ Viber နဲ့ Messenger Chatting တို့ကို ၁၇ နာရီလောက်ထိ သုံးလို့ရမှာပါ။ ဒါတွေအားလုံးကို ၆.၅၆ လက်မ Screen ပေါ်မှာ 90Hz refresh ကို အမြဲဖွင့်ထားပြီး သုံးလို့ရမှာပါ။ Heavy User ပဲဖြစ်ဖြစ် Normal User ပဲဖြစ်ဖြစ် ဘယ်လိုပုံနဲ့ပဲသုံးသုံး တစ်ရက်ထက်ပိုတဲ့ Battery Usage ကိုရမှာပါ။

OPPO A76 ကို မြန်မာနိုင်ငံဈေးကွက်မှာ မတ်လ ၃၀ ရက်နေ့က စတင်ပြီး ၄၇၉,၉၀၀ ကျပ်ဖြင့် Glowing Blue နဲ့ Glowing Black ဆိုပြီး အရောင်နှစ်ရောင် ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ OPPO A76 ကို ၂၉ရက် မတ်လ ၂၀၂၂ မှ ၂၉ရက် မတ်လ ၂၀၂၃ အထိ တစ်နှစ်တာကာလအတွင်း ဝယ်ယူအားပေးသော Customer များအနေဖြင့် MPT Top up တစ်လကို အနည်းဆုံး ၃,၀၀၀ ကျပ် ဖြည့်သွင်းပါက 1GB + 50 Min (On Net) ကို တစ်လတစ်ကြိမ် ခံစားခွင့် ရရှိမည်ဖြစ်ပြီး ခြောက်လအထိ (ခြောက်ကြိမ်) အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကာ ဘေးတစောင်းလွယ်အိတ်များကိုလည်း မေတ္တာလက်ဆောင်အနေဖြင့် OPPO မှ ပေးအပ်သွားမည်ဖြစ်သည်။

Previous
Previous

eSIM တစ်ခုနဲ့ ဖုန်းအော်ပရေတာ ၂ ခုသုံးနိုင်မယ့် Android 13

Next
Next

“အားသွင်းမြန်ဆန် အသုံးခံ” သည့် OPPO A Series အသစ် OPPO A76 မြန်မာနိုင်ငံ ဈေးကွက်သို့ ရောက်ရှိ