Elon Musk ကို ဘုတ်ဒါရိုက်တာအဖွဲ့ဝင်အဖြစ် Twitterကမ်းလှမ်းထား
Twitter အနေနဲ့ Tesla ပိုင်ရှင် Elon Musk ကို ဘုတ်ဒါရိုက်တာအဖြစ် ချဥ်းကပ်နေတယ်လို့ သတင်းထွက်နေပါတယ်။ တစ်ကယ်လို့ လက်ခံခဲ့ရင် Elon Musk အနေနဲ့ Class 2 ဒါရိုက်တာအဖြစ် 2024 ထိ ပါဝင်ရမယ်လို့ဆိုပါတယ်။ Twitter အနေနဲ့ BOD အတွင်း လွှမ်းမိုးမှုတွေ ဖြစ်မလာအောင် တားဆီးဖို့ ခုလိုလုပ်လာတယ်လို့ ခန့်မှန်းရပါတယ်။
"ကုမ္ပဏီအနေနဲ့ Elon ကို BOD အတွက် Class 2 Director အဖြစ် ကမ်းလှမ်းနေပါတယ်။ ဒီကမ်းလှမ်းမှုဟာ 2024 နှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။" လို့ Twitter ရှဲယာပိုင်ရှင်အစည်းအဝေးတစ်ခုမှာ ပြောခဲ့တယ်လိို့ Fliing မှာဖော်ပြထားပါတယ်။ တစ်ကယ်လို့ Elon Musk အနေနဲ့ ရက် ၉၀ နောက်ပိုင်း BOD မှာ ဆက်မလုပ်တော့ရင် BOD ထဲက တစ်ယောက်ဟာ ကုမ္ပဏီရဲ့ 14.9% ကိုပိုင်ဆိုင်သွားပြီး တစ်ခြားအလွှဲအပြောင်းတွေအနည်းငယ်လည်းရှိမယ်လို့ ဆိုပါတယ်။
Tweet တစ်ခုမှာတော့ CEO Parag Agrawal က Elon Musk Twitter မှာရာထူးတစ်ခု ယူထားတယ်လို့ ပြောကြားထားပါတယ်။ သူက Elon ကို နည်းပညာကိုရူးသွပ်သူ၊ လုပ်ဆောင်ချက်တွေကို ဝေဖန်ရဲသူလို့ အမည်တပ်ထားပါတယ်။ ဒီမှတ််ချက်ကို Board အဖွဲ့ကို ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ ယူဆောင်လာပါလို့ ကွန်မန့်ပေးထားပါတယ်။ ပိုကောင်းတဲ့ဝန်ဆောင်မှုတွေ လပိုင်းအတွင်း ယူဆောင်လာပေးမယ့်လို့ ယုံကြည်ကြောင်း မှတ်ချက်ပေးထားပါတယ်။
တနင်္လာနေ့တုန်းက Elon အနေနဲ့ Twitter စတော့ရဲ့ ၉.၂ ရာခိုင်နှုန်း ကိုဝယ်ယူလိုက်တယ်လို့ ကြေငြာထားပါတယ်။ လွတ်စွာပြောဆိုခွင့်အတွက် Elon အနေနဲ့ ပြောခံထားရတာလေးတွေတော့ရှိပါတယ်။ ဒီလိုပိုင်ဆိုင်မှုဟာ Elon Musk ကို Twitter မှာအကြီးဆုံး တစ်ဦးတည်း ရှဲယာပိုင်ဆိုင်သူဖြစ်စေပါတယ်။ Twitter မှာ ရှဲယာတွေ ဝယ်လိုက်တဲ့နေ့မှာပဲ Elon က Edit ခလုတ်လိုချင်သလားဆိုပြီး Twitter မှာ Poll တစ်ခုပြုလုပ်ခဲ့ပါတယ်။ Agrawal ကတော့ ဒီပြောင်းလဲမှု လုပ်လိုက်ရင်ဖြစ်လာမယ့် အကျိုးဆက်တွေက ကြီးမားအရေးပါလိမ့်မယ်လို့ Reply ပြန်ခဲ့ပါတယ်။
Ref : The Verge