"1 Minute Music ဆိုတဲ့ Instagram Feature အသစ် India မှာမိတ်ဆက်

Instagram ဟာ "1 Minute Music ဆိုတဲ့ Feature အသစ်ကို သီချင်းတွေ၊ အသံဖိုင်တွေပါဝင်တဲ့ လုပ်ဆောင်ချက်ကို Instagram Reels နဲ့ Stories အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီ Feature မှာ India အဆိုတော်ပေါင်း ၂၀၀ ကျော်ရဲ့ သီချင်းတွေထောင်ချီပါဝင်ပြီး ပရိသတ်တွေနဲ့ ပိုပြီး Engage လုပ်နိိုင်တော့မယ်လို့ ဆိုပါတယ်။

သီချင်းတွေမှာ Record Label Studio အလိုက်ခွဲထားပြီးDhvani Bhanushali, Neeti Mohan, Shaan, Himanshi Khurana, Aniruth, and GV Prakaash Kumar အစရှိတဲ့ အိန္ဒိယပြည်တွင်း နာမည်ကြီးအဆိုတော်တွေပါဝင်ပါတယ်။ နောက်ပိုင်းမှာ နောက်ထပ်အဆိုတော်တွေရဲ့ သီချင်းတွေကိုလည်း ထပ်မံထည့်သွင်းသွားမှာဖြစ်ပြီး ပရိတ်သတ်တွေနဲ့ ပိုမိုထိတွေ့ခွင့်ရအောင် ဖန်တီးသွားမယ်လို့ ဆိုပါတယ်။

Meta India ရဲ့Media Manager ဖြစ်တဲ့ Paras Sharma က သီချင်းဆိုတာ Instagram မှာလောလောဆယ် ခေတ်စားနေတဲ့ အကြောင်းအရာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သီချင်းပိုင်းမှာ အာရုံပိုစိုက်နေတာဖြစ်တယ်" လို့ဆိုပါတယ်။ လူတွေအနေနဲ့ သူတို့ရဲ့ Post တွေမှာ သီချင်းတွေနဲ့ဆို ပိုပြီး ပျော်စရာကောင်းလာပါမယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ကိုယ်ပိုင်သံစဥ်ဖန်တီးပြီး ကြိုးစားနေတဲ့ တက်သစ်စ အဆိုတော်တွေကိုလည်း သီချင်းတွေပေးတင်လို့ရအောင် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

Short content တွေဘုရင်ဖြစ်နေတဲ့ ခေတ်မှာ Tik Tok အနေနဲ့ Video Clip အတိုလေးတွေနဲ့ လူတွေကို ဖမ်းစားနေပါတယ်။ YouTube အနေနဲ့ YouTube Short ကို Promote လုပ်နေပြီး Instagram ကလည်း Reel နဲ့ ယှဥ်လာတော့မလား ဆိုတာစောင့်ကြည့်ရပါမယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Elon ရဲ့ StarLink တွေကို ရန်ရှာနေတဲ့ တရုတ်ကြီး

Next
Next

App တွေ အသုံးပြုသူရဲ့ဖုန်းနဲ့ Compatible ဖြစ်မဖြစ် ဖော်ပြပေးမယ့် Play Store Update