Elon Musk ရဲ့ X.AI

Elon Musk ကတော့ AI ကုမ္ပဏီတစ်ခုကို အမေရိကန်ပြည်ထောင်ထု နီဗားဒါးပြည်နယ်မှာ မှတ်ပုံတင်ထားတယ်လို့ The Wall Street မှာတက်လာပါတယ်။ ပြီးခဲ့တဲ့လ မတ်လ ၂၃ ရက်ကမှ တရားဝင်မှတ်ပုံတင်လိုက်တဲ့ X.AI လို့အမည်ရတဲ့ ကုမ္ပဏီမှာ Elon Musk နာမည်က ဒါရိုက်တာဖြစ်ပြီး၊ Jared Birchall ဆိုတဲ့ Musk’s Family Office Director ကအတွင်းရေးမှုးဖြစ်ပါတယ်။

ChatGPT ရဲ့ကုမ္ပဏီဖြစ်တဲ့ OpenAI ရဲ့အစောဆုံး Founder တွေထဲမှာ Elon Musk လည်းအပါအဝင်ဖြစ်ပါတယ်။ 2015 မှာစတင် Elon ကိုယ်တိုင်ပါဝင်တည်ထောင်ထားတဲ့ OpenAI ကနေ 2018 မှာတော့ လမ်းခွဲခဲ့ပါတယ်။ Open-AI ကို Open Source ဖြစ်စေပြီး Non Profit အဖွဲ့အစည်းတစ်ခုအဖြစ် ရည်ရွယ်ထားလို့ Open-AI လို့ သူကိုယ်တိုင်နာမည် ပေးခဲ့တာဖြစ်ပေမယ့် ခုတော့ အကျိုးအမြတ်ကို ဦးစားပေးနေပြီလို့ Musk ကိုယ်တိုင် Twitter မှာ ပြောခဲ့တာလည်းရှိပါတယ်။

Musk ကိုယ်ပိုင် AI Company ထောင်တာနဲ့အတူ GPU တွေအများကြီးဝယ်တဲ့ သတင်းကိုတွဲမြင်ကြသူတွေ( Elon အနေနဲ့ GPU တွေဝယ်တာကို ဘယ်အတွက်ဝယ်လဲဆိုတာ မကြေငြာသေးပါဘူး) ကတော့ Elon Musk ကိုယ်တိုင်လည်း AI War ထဲကို ဝင်လာတော့မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

Tech Giant ကြီးတွေ အသီးသီးဝင်လာပြီဆိုတော့ AI ကိစ္စတွေကလည်း ပိုပြီးကြည့်ကောင်းလာတော့မှာ အမှန်ပါပဲ။ 2024 ဆိုရင် AI တွေအတော်လေး ခရီးရောက်နေကြဖို့များပါတယ်။

Ref - The Verge

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Carl Pei ရဲ့ Samsung Galaxy S23 Ultra Review

Next
Next

လက်ပတ်တစ်ခုပိုလာမယ့် Xiaomi Band 8