လက်ပတ်တစ်ခုပိုလာမယ့် Xiaomi Band 8

နောက်တစ်ပတ်ဆို မိတ်ဆက်လာမယ့် Xiaomi Band 8 ကလက်ပတ်တစ်ခုထက်ပိုလာမယ်လို့ ကြေငြာလိုက်ပါတယ်။ ထွက်လာတဲ့ ပုံတွေအရ သော့ချိတ်၊ ဖိနပ်၊ လက်မောင်းပတ်၊ ဆွဲကြိုး အစရှိတဲ့ အသုံးအဆောင်တွေမှာ တပ်နိုင်မယ့် Fashion ပစ္စည်းတစ်ခုလိုမျိုး သုံးလို့ရလာမယ်လို့ ပွဲထုတ်လာတဲ့အတွက် Band 8 သုံးဖြစ်ခဲ့ရင် လက်ပတ်ကြိုးအပိုအပြင် ဝယ်စရာတွေ ပိုလာမယ်ထင်ပါတယ်။

Screen ကြီးကြီးနဲ့ ဆေးတောင့်ပုံစံနဲ့ Band 8 ကို သုံးနေတဲ့ အခြေအနေပေါ်မူတည်ပြီး WatchFace တွေပြောင်းနိုင်မယ်လို့ ကြေငြာထားပါတယ်။

တစ်ခုပိုထူးခြားတာက အရင်ကလက်ပတ်ကြိုးတပ်ဖို့ဆိုရင် Band ကိုယ်ထည်ကို ကြိုးမှာစွပ်လိုက်တာမျိုးမဟုတ်ပဲ iWatch လိုမျိုး၂ကြိုးတပ်ရတဲ့ စနစ်ကိုပြောင်းလိုက်တာမို့ Band ထက် Watch ဖက်ကိုသွားတယ်လို့ ပြောနိုင်ပါတယ်။

ကိုယ်ပိုင်အမြင်ကိုပြောရရင်တော့ အရင် Band တွေကိုလည်းခုလို Strap တွေတပ်ပြီး စတိုင်ထုတ်မယ်ဆိုရပါတယ်။ အဲ့အတွက်လည်း Third-party အပိုပစ္စည်းတွေထွက်လာဦးမှာပါ။ အဲ့တော့ ဒီဇိုင်းပိုင်းအပြင် အထဲမှာဘာတွေပြောင်းလာမလဲဆိုတာစောင့်ကြည့်ရပါမယ်။ နောက်တစ်ခုက လက်မှာပတ်ထားရင် BP/SPO2 တိုင်းတဲ့စနစ်တွေက အသုံးအဆောင်တွေမှာ တပ်ထားရင် အလုပ်လုပ်မှာမဟုတ်ပါဘူး။ အဲ့အတွက် ဘယ်လိုစနစ်သစ်တွေထည့်ထားမလဲဆိုတာလည်း စောင့်ကြည့်ရပါဦးမယ်။ မိတ်ဆွေများရော Band 8ကို စိတ်ဝင်စားလား? ဝယ်သုံးဖြစ်မလား?

ဈေးကတော့ $30 ဝန်းကျင်ရှိမယ်လို့ ဆိုပါတယ်။

Ref : GSMArena

#AkhayarTech



Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Elon Musk ရဲ့ X.AI

Next
Next

ဘေးကပ်ရက် ကော်ဖီဆိုင်ကနေ အပေါက်ဖောက်ပြီး ခိုးခံလိုက်ရတဲ့ Apple Store