Carl Pei ရဲ့ Samsung Galaxy S23 Ultra Review

Asian မိဘတွေဆိုတာ သားသမီးကို ဖြစ်နိုင်ရင် ဆရာဝန်လည်းဖြစ်စေချင်တယ်၊ ကျောင်းဆရာလည်းဖြစ်စေချင်တယ်၊ အရာရှိကြီးလည်းဖြစ်စေချင်တယ်၊ အောင်မြင်တဲ့စီးပွားရေးသမားလည်းဖြစ်စေချင်တယ်၊ ဖြစ်နိုင်ရင် အကုန်လုံးကိုဖြစ်စေချင်တဲ့ မိဘတွေပါ။ ဒီအကြံအစည်ကို OnePlus ရဲ့ CoFounder လည်းဖြစ်၊ Noting ရဲ့ Founder လည်းဖြစ်၊ ခုလည်း YouTube မှာ Tech Reviewer လုပ်နေတဲ့ Carl Pei က Asian သွေးပါသူပီပီ အကောင်အထည်ဖော်နေသလားလို့ထင်ရပါတယ်။ Product တွေကို Review လုပ်ရာမှာ Obejectively ဓမ္မဓိဌာန်ကျကျ ဝေဖန်လေ့ရှိလို့ Fans တွေက ချစ်ကြပါတယ်။

ခုလည်း Samsung Galxy S23 Ultra ရဲ့ Review ထဲက သူပြောတဲ့စကားတွေကို ကောက်နုတ်ပေးချင်ပါတယ်။ OneUI နဲ့ပတ်သတ်လို့ Carl အနေနဲ့ သိပ်သဘောမကျပုံပါပဲ။ သူနောက်ဆုံး Samsung ဖုန်းသုံးတဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က UI တွေနဲ့ သိပ်မကွာပဲ ဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ Hardware ဒီဇိုင်းပိုင်းမှာတော့ ဖုန်းက အရမ်းတော်လို့ A ရပေမယ့် လူမှုရေးပိုင်းကို ဘာမှမသိတဲ့ အရမ်းစာတော်တဲ့ ကျောင်းသားနဲ့တူတယ်လို့ ပြောခဲ့ပါတယ်။ တစ်နှစ်နဲ့တစ်နှစ် အပြောင်းအလဲအများကြီးပါမလာတဲ့ Samsung ဖုန်းတွေမှာ Specification တွေအရမ်းကောင်းပေမယ့် Creation ပိုင်းနေတယ်လို့ Innovation နဲ့ Art ကြိုက်သူပီပီ ဝေဖန်ခဲ့ပါတယ်။

S Pen နဲ့ပတ်သတ်လို့ သူ့အတွက်တော့ သိပ်မသုံးဖြစ်တဲ့ Gimmick ဖြစ်ကြောင်းပြောခဲ့ပါတယ်။ S Pen ကနေရာမအများကြီးယူလို့ ဖြုတ်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ နောက်တစ်ခုက Moon Photography ကိုလည်း နောက်ဆက်ပြီး Marketing လုပ်ဖို့အတွက် မသုံးသင့်တော့ကြောင့် အကွက်အသစ်ရှာဖို့ ပြောခဲ့ပါတယ်။ ခြုံပြောရရင် လက်ရှိဈေးကွက်ထဲမှာ အကောင်းဆုံး Flagship Android ပါလို့ အဆုံးသတ်ပေးခဲ့ပါတယ်။

Ref : Noting YouTube

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Angry Birds လည်း ဂျပန်ရောက်သွားပြီ

Next
Next

Elon Musk ရဲ့ X.AI