Elon Musk ရဲ့ StarsLink နည်းပညာနဲ့တူတဲ့ Satellite-Based အင်တာနက် India မှာတည်ဆောက်မည်

Jio Platforms Limited နဲ့ SES လို့အမည်ရတဲ့ India အခြေစိုက် အင်တာနက် Company တို့ပူးပေါင်းပြီး Jio Space Technology လို့ခေါ်တဲ့ ဈေးသက်သာပြီး လူတိုင်းသုံးနိုင်မယ့် ဂြိုလ်တုအခြေပြုထားတဲ့ အင်တာနက်စနစ်ကို ဖြန့်ချီသွားမယ်လို့ဆိုပါတယ်။ ၎င်းတို့အနေနဲ့ Company Share 51% နဲ့ 49% အသီးသီးပိုင်ဆိုင်ကြပြီး ရှေ့လျောက်ပူးပေါင်းလုပ်ဆောင်မှုတွေ အများကြီးလုပ်သွားမယ်လို့ဆိုပါတယ်။

ဒီပူးပေါင်းမှုအတွက် Multi-orbit Space လို့ခေါ်တဲ့ ဂြိုလ်တုပေါင်းများစွာပါဝင်ပြီး Geostationary (GEO) လို့ခေါ်တဲ့ နေရာအခြေပြု စနစ်ကိုလည်းအသုံးပြုထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် Delivering Speed အနေနဲ့ Gigabits လောက်ရှိတဲ့ အမြန်နှုန်းလည်းပေးနိုင်မယ်ဆိုတာကြောင့် Starlink နဲ့အပြိုင်ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် India တစ်နိုင်ငံလုံးကိုသာမကပဲ နယ််မြေချင်းထိနေတဲ့ နေရာတစ်ချို့ကိုလည်း အနည်းငယ် အင်တာနက်လိုင်းပေးသွားနိုင်တဲ့အထိ Area ကျယ်ပြန့်ပါတယ်။

ခုလို Satellite နည်းပညာသုံး အင်တာနက်ကို ဒေသမြေနေရာကျယ်ပြန့်တဲ့ လမ်းတွေပေါ်မှာသွားနေတဲ့ အိန္ဒိယနိုင်ငံအတွင်းက ကားတွေအပြင် ပင်လယ်ပြင်က သင်္ဘောတွေကိုလည်း ပေးနိုင်ဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံပေါ်မှာဖြတ်ပျံသန်းမယ့် လေကြောင်းလိုင်းတွေမှာလည်း အသုံးပြုနိုင်မယ်လို့ဆိုထားပါသေးတယ်။ ပြည်တွင်းမြေပြင်အသုံးပြုမှုအနေနဲ့ 100 Gbps ထိ အမြန်နှုန်းရနိုင်မယ်လို့ဆိုပါတယ်။

"ကျွန််တော်တို့က Fiber အခြေပြု 5G ကိုတိုးတက်အောင်ဆောင်ရွက်နေတုန်းမှာ SES အနေနဲ့ Multigigabit broadband ကိုအရှိန်မြှင့်ပြီး ဆောင်ရွက်နေမှာဖြစ်ပါတယ်။ ဂြိုလ်တုတွေကနေရလာတဲ့ ကျယ်ပြန့်တဲ့ လိုင်းလွှင့်နိုင်စွမ်းကို အသုံးပြုပြီး မျက်နှာပြင် ကျယ်ဝန်းလှတဲ့ India ရဲ့ ရွာတွေ၊ မြို့နယ်တွေ၊ မြို့ကြီးတွေသာမက တစ််ခြားဆက်သွယ်မှုတွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရလုပ်ငန်းတွေ၊ အိမ်သုံးတွေအတွက်ပါ အဆင့်ဆင့်ခွဲခြားပြီး အင်တာနက်ရအောင်ဆောင်ရွက်သွားမယ်" India Media တစ်ခုမှာဆိုထားပါတယ်။

ဒီပေါင်းမှုကနေ အိန္ဒိယနိုင်ငံအတွင်း ပိုမိုကောင်းမွန်တဲ့ လူနေမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကိုဖော််ဆောင်ပေးနိုင်ဖို့ မျှော်လင့်နေကြောင်း SES ရဲ့ CEO Steve Collar ကဆိုထားပါတယ်။

Ref: news18

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အိန္ဒိယမှာ 5G ဖုန်းရောင်းချသွားမယ့် POCO

Next
Next

Crypto Mine မဲ့သူတွေအတွက် Intel က Energy Efficient ပိုဖြစ်မည့် Chipset ထုတ်ပေးမည်