Electric Cadillac ကားထုတ်မယ့် GM

လျှပ်စစ်ကိုသာသုံးမယ့် Luxury full-size Cadillac Escalade SUV ကို GM ကနေထုတ်လုပ်သွားမယ်လို့ ကြေငြာထားပါတယ်။ အဆိုပါကားနာမည်ကတော့ Escalade IQ လို့ ခေါ်ပါတယ်။ GM အနေနဲ့ 2030 မှာ EV Full lineup ကိုထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ထင်ရပါတယ်။

SUV Type တွေကို Electric အနေနဲ့ ဝယ်လိုအားများနေတဲ့ US ဈေးကွက်မှာ Car Maker တွေအကုန်လုံးက Sedan တွေရော၊ SUV တွေကိုပါ အလုံးအရင်းနဲ့ ထုတ်လုပ်ဖို့ စီစဥ်နေပါတယ်။

GM ရဲ့နောက်ဆုံးထုတ်ထားတဲ့ ၂၀၂၁ Fuel Cadillac Escalade SUV ကတော့ GM ထုတ်ဖူးသမျှ Cadillac SUV ထဲမှာ အကြီးဆုံးနဲ့ အတော်လေးလည်း Size ကြီးတယ်လို့ မှတ်ချက်တွေပေးခံထားရပါတယ်။ ဈေးကလည်း $80,000 လောက်ကစပါတယ်။

Cadillac Escalade SUV အနေနဲ့လည်း လျှပ်စစ်သုံးထားပေမယ့် Size ပိုကြီးလာနိုင်သလို ဈေးလည်း အနည်းဆုံး $100,000 ကျော်မယ်လို့ ခန့်မှန်းရပါတယ်။

Ref : The Verge

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

၁ ပေကျော်ထိ လိပ်လို့ရ၊ ခေါက်လို့ရတဲ့ OLED Display Samsung မိတ်ဆက်

Next
Next

ကိုယ်အပူချိန်တိုင်းလို့ရမယ့် Pixel 8 Pro