Dota 2 အကောင့် ၄၀,၀၀၀ ကျော်ကို အပြီးဘန်းလိုက်တဲ့ Valve

Valve ဟာ Dota 2 အကောင့်ပေါင်း ၄ သောင်းကျော်ကို Cheat တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့အတူ အပြီးပိုင်ဖျက်သိမ်းလိုက်ပါတယ်။ ကစားပွဲစဥ်အတွင်း Third Party Software တွေကို အသုံးပြုပြီး Dota 2 Client ရဲ့ယိုပေါက်ကနေတစ်ဆင့် ကစားပွဲ Data တွေကို ခိုးယူပြီး ပွဲကစားစဥ်မှာ မမျှတမှုတွေကို ဖြစ်စေတာမို့ အကောင့်တွေကို အပြီးတိုင်ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ Valve ဖက်က တရားဝင်ကြေငြာထားပါတယ်။

ဒါပေမယ့် ဒီလိုပြဿနာတွေကို ကြုံရတာ Valve တစ်ခုထဲတင််မဟုတ်ပဲ Ubisoft မှာလည်း တစ်ဖက်ပြိုင်ပွဲကစားသူကို Ping တက်ပြီး Lag စေတဲ့ Cheater မျိုးတွေ၊ FPS ပွဲတွေမှာ တစ်ဖက်သူကို Aim လွဲအောင်လုပ်တဲ့ Cheat တွေကိုလည်း ကြုံနေရပါတယ်။

ကုမ္ပဏီတွေအနေနဲ့ Cheating Software အသစ်တွေပေါ်လာရင် Patch အသစ်ချက်ချင်းထုတ်ပြီး ပြင်တတ်ကြပေမယ့် အကောင့်သောင်းဂဏန်းနဲ့ချီပြီး ဘန်းတဲ့ကိစ္စကိုတော့ Risk များတာကြောင့် အတော်လေး သတိထားပြီးမှ လုပ််တတ်ကြပါတယ်။ Cheate တဲ့ကိစ္စတွေဟာ PC လောကတင်မဟုတ်ပဲ Mobile လောကမှာလည်း ဖြစ်လေ့ရှိတဲ့ ကိစ္စရပ်တွေပါပဲ။ တစ်ဖက်လူက အပျော်ပဲဖြစ်ဖြစ်၊ Professional ဆော့သူပဲဖြစ်ဖြစ် မသမာနည်းနဲ့ ဂိမ်းဆော့တာဟာ တစ်ကယ်တော့ ပျော်ဖို့မကောင်းပဲ ဂိမ်းအရသာကို ပျက်စေတဲ့ ကိစ္စကြီးပါပဲ။

Ref : The Verge

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အပြန်အလှန် Satellite ဆက်သွယ်မှုပြုလုပ်နိုင်မယ့် Samsung Exynos Chipset

Next
Next

ကိုယ်ပိုင် Dynamic Island Design နဲ့ထွက်လာတော့မယ့် Realme