Dating လုပ်ဖို့အတွက် အကောင်းဆုံး App များ

ဆက်သွယ်ရေးအတွက် ဖုန်းတစ်လုံးနဲ့ Internet Connection ပဲလိုအပ်တဲ့ ခေတ်ကြီးမှာ Dating လုပ်ဖို့အတွက်ဆိုတာ အရမ်းကြီးခက်ခဲတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အရင်လို အဝေးကြီးတွေသွားလာပြီး၊ ပြေးရလွှားရနဲ့ တစ်ယောက်နဲ့ တစ်ယောက်တွေ့ဖို့အတွက် ကြိုးစားအားထုတ်ဖို့မလိုပဲ နည်းပညာ အကူအညီနဲ့ Dating လုပ်လို့ရနေပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ Dating လုပ်ဖို့အတွက် အကောင်းဆုံးနေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

1. Tinder
ဒီကောင်ကတော့ မြန်မာနိုင်ငံမှာ လူအများစုသုံးနေကြတဲ့ Service ဖြစ်သလို Dating ထဲမှာမှ လူသိအများဆုံးလည်းဖြစ်ပါတယ်။ App ထဲမှာသုံးလို့ရတဲ့ တစ်ခြား Service တွေနဲ့ နာမည်ကြီး Celebrity တွေကအစ သုံးကြတာကြောင့် တစ်ကယ်ကို လူသုံးများကြပါတယ်။

2. Badoo
ဒီကောင်ကတော့ မြန်မာ Local အများစုကို တွေ့နိုင်ပါတယ်။ Ads ကြည့်ပြီး Super Like ပေးတာ၊ Swipe လုပ်နိုင်တာတွေကြောင့် စမ်းသုံးကြည့်သင့်တဲ့ App တွေထဲမှာ ပါဝင်ပါတယ်။

3. Bumble
ဒီကောင်ကတော့ အမျိုးသမီးတွေ Dating လုပ်ဖို့အတွက် အသုံးပြုသင်တဲ့ App ပါ။ ဒီ App မှာ အမျိုးသမီးတွေကိုပဲ Conversation စတင်ခွင့်နဲ့ Partner ကိုရွေးချယ်ခွင့်ပေးထားပြီး အမျိုးသားတွေကိုတော့ ကိုယ့်ကို ရွေးချယ်သူကို Response လုပ်ခွင့်ပဲပေးထားပါတယ်။

4. Match
ဒီကောင်ကတော့ Dating ထဲမှာမှ လက်ထပ်ဖြစ်သွားတဲ့ Couple အများစုက Recommand ပေးတဲ့ App ပဲဖြစ်ပါတယ်။ Partner တွေကို ဂရုတစ်စိုက် ရွေးချယ်ပေးတာ၊ Longterm အဆင်ပြေမယ့် Partner အချင်းချင်းကိုပဲ Match ပေးတာကြောင့် Review ကောင်းကောင်းရထားတဲ့ App ပဲဖြစ်ပါတယ်။

Ref : zdnet

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

"Blackout Challenge" လို့အမည်ရတဲ့ Tik Tok Challenge ကြောင့် သေဆုံးသူ ကလေး ၇ ဦးထိရှိလာ

Next
Next

NFT ထုတ်မယ့် Nothing Phone