"Blackout Challenge" လို့အမည်ရတဲ့ Tik Tok Challenge ကြောင့် သေဆုံးသူ ကလေး ၇ ဦးထိရှိလာ

ဒီဘက်ခေတ်မှာ ကလေးတွေနဲ့ လူငယ်တွေကြားထဲ လူမှုကွန်ရက်တွေက Challenge တွေဟာ ခေတ်စားလာလျက်ရှိပါတယ်။ ဒီထဲကမှ Tik Tok Challenge လည်း အပါအဝင်ဖြစ်ပါတယ်။ လောလောဆယ် Tik Tok မှာ ကိုယ့်ကိုကို မေ့လဲတဲ့အထိ လည်ပင်းကို ညစ်ထားတဲ့ Challenge ကိုလိုက်လုပ်လို့ သေဆုံးသွားတဲ့ ကလေးငယ်ဦးရေ ၇ ဦးထိရှိလာပြီး အကုန်လုံးဟာ အသက် ၁၅ နစ်အောက် ကလေးတွေပဲဖြစ်ပါတယ်။

TikTok မှာ ဒီ Challenge နဲ့သက်ဆိုင်တဲ့ Video တွေကို ဖျက်ပစ်ထားပြီဖြစ်ပေမယ့် ကလေးငယ်တွေရဲ့ မိဘတွေအပြင် တစ်ခြား ကလေးငယ်တွေ မိဘကိုယ်တိုင်ကလည်း ဒီ Challenge ကို သူတို့ကလေးတွေ မြင်အောင် ပြသတာမို့ TikTok Algorithm မှာပြဿနာရှိတယ်ဆိုပြီး တရားဝိုင်းဝန်းစွဲဆိုနေကြတာဖြစ်ပါတယ်။ TikTok ဖက်ကတော့ ဒီလို Challenge တွေဟာ အန္တရာယ်ရှိကြောင်းနဲ့ လိုက်မလုပ်ဖို့ သတိပေးစားတွေ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် တစ်ချို့ဖြစ်ရပ်တွေမှာ ကလေးတွေကိုယ်တိုင်က ဒီ Challenge ကိုမရှာပဲ TikTok For You ​Page မှာ လာရောက်ပြသတာကို ခံနေရကြောင်း မိဘတစ်ချို့က ပြောဆိုထားတာကြောင့် အငြင်းပွားမှုတွေလည်း ဖြစ်နေပါတယ်။
ဒီဖြစ်ရပ်မှာ ငယ်ရွယ်တဲ့ကလေးတွေကို ဖုန်းပေးကိုင်တဲ့မိဘကပဲမှားသလား၊ TikTok Challenge ကိုစတင်လုပ်တဲံ လူတွေပဲမှားသလား၊ TikTok Company ကိုယ်တိုင်က တလွဲတွေ လုပ်နေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

လတ်တလောမှာတာ့ သေဆုံးသူကလေးတွေ မိဘတွေနဲ့ တစ်ချို့ကလေးငယ်တွေရဲ့ အုပ်ထိန်းသူတွေဟာ TikTok ဆီကနေ လျော်ကြေးရဖို့ တရားစွဲနေကြပြီး လျော်ကြေးငွေအားလုံးပေါင်း အမေရိကန် ဒေါ်လာ သန်း ၂၀ ထက်မနည်းကြောင်း သိရပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နိုင်ငံရပ်ခြားထွက်မယ့် ကျောင်းသူ/သားတွေ သိထားသင့်တဲ့ Website များ

Next
Next

Dating လုပ်ဖို့အတွက် အကောင်းဆုံး App များ