NFT ထုတ်မယ့် Nothing Phone

Nothing ဖုန်းကို လူတွေအရမ်း Hype ကြတာ သိပ်မကြာသေးပါဘူး။ Nothing ဖုန်းရော၊ NFTရောက လောလောဆယ် Hot Topic ဖြစ်နေတဲ့ အကြောင်းအရာတွေပါ။ ဒါကြောင့်မို့ Nothing ရဲ့ CEO Carl Pei က NFT လောကထဲကို Black Dot NFTs နဲ့ ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။

ဒါပေမယ့် ဒီလိုအကြောင်းအရာကို Nothing ကို အမှန်အကန် Support မယ့်သူတွေကတော့ သဘောမကျကြပါဘူး။ ဒါ့ကြောင့်မို့ Company ရဲ့ Social Media တွေမှာ NFT ထုတ်မယ့်ကိစ္စကို မှတ်ချက်တွေ ရေးနေကြတာဖြစ်ပါတယ်။ NFT ထုတ်ပြီး Giveaway ပေးမယ့်အစား ဖုန်းနဲ့အတူ Charger ထည့်ပေးတာပိုကောင်းတယ်လို့ Twitter မှာမှတ်ချက်တစ်ခုတောင် ပေးခံခဲ့ရပါတယ်။

Nothing အနေနဲ့ အဆိုပါ NFT အကြောင်းကို Video Clip တစ်ခုထုတ်လုပ်ပေးခဲ့ပြီး Commercial ထုတ်ဖို့ စိုင်ပြင်းနေပါတယ်။ Nothing Phone မှာ Invest လုပ်ထားသူကတော့ NFT တွေ အခမဲ့ရမှာဖြစ်ပြီး Fan တွေကိုတော့ မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ NFT တွေကို July7 ရက်နေ့မှာ စတင်ထုတ်ပေးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ OpenSea NFT Market မှာ တင်ပြီးရောင်းသွားဦးမယ်လို့ ဆိုပါတယ်။

အမှန်အကန် အားပေးမယ့်သူတွေကတော့ ဖုန်းနဲ့ ဘာမှမဆိုင်တဲ့ NFT ပေးမယ့်အစား ဖုန်း Charger ပေးတာမျိုး၊ Case ထည့်ပေးတာမျိုးကိုပဲ လိုချင်တယ်လို့ အသံတွေထွက်နေကြပါတယ်။ "NFT ကိစ္စကြားကြားခြင်းမှာပဲ ဖုန်းကိုတောင် အရင်လောက် စိတ်မဝင်စားတော့ဘူးလို့ လည်း မှတ်ချက်ပေးနေကြပါတယ်။

သင့်အနေနဲ့ရော Noting Phone နဲ့ NFT ကိုဘယ်လို မြင်လဲ??

Ref : Android Authority

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Dating လုပ်ဖို့အတွက် အကောင်းဆုံး App များ

Next
Next

Local Tournament ကနေ Japan နိုင်ငံမှာကျင်းပမယ့် Asia Pacific Predator League 2022 Grand Final မှာဝင်ရောက် ယှဥ်ပြိုင်ပြီး Prize Pool USD 400,000 အထိရယူနိုင်မယ့် အခွင့်အရေး