Crash Detection ပြဿနာဖြစ်နေတဲ့ iPhone 14 Series

ဘယ်လောက်ပဲ နည်းပညာ မိုးပျံနေတဲ့ ကုမ္ပဏီကြီးဖြစ်ပါစေ.. စထုတ်ခါစ Feature အသစ်တွေမှာတော့ အမှားတွေပါစမြဲပါ။ Apple iPhone 14 တွေရဲ့ Crash Detection ဟာ ခုလည်း မှားယွင်းပြီး အရေးပေါ်ခေါ်ဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ iPhone 14 အသုံးပြုသူတွေဟာ Roller Coaster စီးတဲ့အခါ ဖုန်းက Accident တစ်ခုခု ဖြစ်ပြီ အထင်နဲ့ အရေးပေါ်ခေါ်ဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ iPhone 14 နဲ့ iPhone 14 Pro ပိုင်ရှင်တွေဟာ ကစားကွင်းတွေကို သွားခဲ့ကြရင်း Roller Coaster တွေစီးကြပါတယ်။ Roller Coaster ရဲ့ အရှိန်ပြင်းပြင်းသွားတာတွေ၊ ဇောက်ထိုးမိုးမျှော်ဖြစ်တာတွေနဲ့ ဘရိတ်အုပ်တာတွေရဲ့ ကြားမှာ Crash Detection စနစ်က တစ်ကယ်ယာဥ်မတော်တဆမှုဖြစ်တယ်ထင်ပြီး အရေးပေါ်ခေါ်ဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သတင်းတွေမှာဖော်ပြချက်တွေအရ အရေးပေါ်ကယ်ဆယ်ရေးတွေကို ဖုန်းခေါ်မှုအနည်းဆုံး ၆ခါခန့် ပြုလုပ်ခဲ့ပြီး Apple ကတော့ အဆိုပါလုပ်ဆောင်ချက်ကို ကားတိုက်မှုတွေကရရှိတဲ့ Data တွေနဲ့ အကြိမ်ရေသန်းချီပြီး စမ်းသပ်ခဲ့ပြီးတယ်လို့တော့ ဆိုးထားပါတယ်။ ဒါပေမယ့် Reviewer တစ်ချို့ လက်တွေစမ်းသပ်တဲ့အခါမှာတော့ ကားတိုက်မှုတစ်ချို့ကို iPhone အနေနဲ့ မသိရှိပဲ Alert မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ Apple ကတော့ခုလို ရည်ရွယ်ချက်ရှိရှိ စမ်းသပ်မှုတွေက iPhone ရဲ့ Crash Detection စနစ်ကို အလုပ်လုပ်အောင် လုံလောက်တဲ့ အချက်အလက်မရှိလို့ ခုလိုဖြစ်တာလို့ ပြန်လည်တုံ့ပြန်ထားပြီး နောက်ပိုင်းမှာ Update တွေနဲ့ Crash Detection စနစ်က ပိုမိုကောင်းမွန်လာမယ်လို့ ဆိုထားပါတယ်။

Ref : Mac Rumors

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Always-on display မှာ Android နဲ့ iPhone ဘယ်သူပိုသာလဲ

Next
Next

အကစွမ်းအင်ထုတ်လုပ်အသုံးချသွားမယ့် Glasgow Music ပွဲ