အကစွမ်းအင်ထုတ်လုပ်အသုံးချသွားမယ့် Glasgow Music ပွဲ

လူတွေကတဲ့အခါ အပူစွမ်းအင်ထွက်ပါတယ်။ အပူစွမ်းအင်ကို လိုအပ်သလိုပြောင်းလဲပြီး လျှပ်စစ်စွမ်းအင်အဖြစ်အသုံးချနိုင်ပါတယ်။ Glasgow ဆိုတာစကော့တလန်မှာရှိတဲ့ မြို့တစ်ခုဖြစ်ပြီး အဆိုပါမြို့မှာကျင်းပမယ့် အကပွဲတစ်ခုမှာ ကတဲ့သူတွေဆီက အပူစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုသွားမယ့် အစီအစဥ် တစ်ခုကို ပြင်ဆင်နေတာပါ။

ကတဲ့သူတွေဆီကထွက်လာတဲ့ အပူစွမ်းအင်ကို အရည်တစ်ခုကနေတစ်ဆင့် သယ်ယူပြီး Battery ကိုအားသွင်းသလို အားသွင်းပြီး ပြန်လည်အသုံးပြုမယ့်အစီအစဥ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ပြန်ရလာတဲ့စွမ်းအားကို SWG3 အမည်ရတဲ့ Studio ကိုပြန်လည် ဓာတ်အားပေးသွားမယ့် အစီအစဥ်ပဲဖြစ်ပါတယ်။ ပွဲစီစဥ်သူတွေကတော့ ခန်းမအတွက် Boiler တွေကိုဖြုတ်သိမ်းလိုက်ပြီဖြစ်ပြီး နှစ်စဥ် ကာဗွန်ထုတ်လွှတ်မှုကို စတင်လျော့ချနေပြီလို့ ဆိုပါတယ်။

Geothermal နည်းပညာရှင်တစ်ဦးဖြစ်တဲ့ David Townsend ကတော့ လူတွေခုန်ပေါက်ကတဲ့အခါ ကြမ်းပြင်ကို ခုန်ပေါက်လိုက်တဲ့အခါ 250W ခန့်စတင်ပြီး စွမ်းအင်ထုတ်တယ်လို့ခေါ်ပါတယ်။ တစ်ကယ်လို့ DJ နဲ့ခပ်ကြမ်းကြမ်း Beats တွေကို ဖွင့်လိုက်တဲ့အခါမှာတော့ လုံးဝကို မထင်မှတ်ထားတဲ့ Amount ဖြစ်တဲ့ 500-600W အထိ ထွက်လာတယ်လို့ ဆိုပါတယ်။

အခုလိုကတဲ့လူအုပ်ဆီကနေ စွမ်းအင်ကို ပြန်လည်အသုံးချနိုင်မယ်ဆိုရင် နောက်ပိုင်းမှာ ကလပ်တွေ၊ လူသွားလူလာများတဲ့ နေရာတွေမှာ ခုလိုစနစ်တပ်ဆင်ပြီး ပိုမိုကောင်းမွန်တဲ့ Renewable Energy ကိုသုံးနိုင်လာမှာဖြစ်ပါတယ်။

Ref : BBC

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Crash Detection ပြဿနာဖြစ်နေတဲ့ iPhone 14 Series

Next
Next

ကုမ္ပဏီအဖွဲ့သားတွေကိုယ်တိုင်ပါ သိပ််မသုံးဖြစ်ဘူးဆိုတဲ့ metaverse app