2021 တုန်းကဖြစ်တဲ့ အချက်အလက်ပေါက်ကြားမှုတွေအတွက် ဒေါ်လာသန်း ၅၀၀ လျော်ပေးရမယ့် T-Mobile

US ရဲ့နာမည်ကြီး ဖုန်းအော်ပရေတာ တစ်ခုဖြစ်တဲ့ T-Mobile အနေနဲ့ ၂၀၂၁ တုန်းကဖြစ်သွားခဲ့တဲ့ အချက်အလက်ပေါက်ကြားမှုတွေကို တာဝန်ယူတဲ့အနေနဲ့ ဒေါ်လာသန်း ၅၀၀ ကိုလျော်ကြေးပေးသွားမယ်လို့ သိရပါတယ်။ အမေရိကန်ပြည်သူ TMobile သုံးစွဲနေတဲ့ လူပေါင်း 76.6 သန်းရဲ့ အချက်အလက်တွေပေါက်ကြားသွားခဲ့တာဖြစ်ပြီး မသိကျိုးကြွံပြုခဲ့တာကြောင့် တရားစွဲခံရတယ်လို့ ဆိုပါတယ်။ Motherboard လို့ခေါ်တဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုရဲ့ Report တွေအရ Customer Data မှာ Social Security Number တွေ၊ နာမည်တွေ၊ လိပ်စာတွေ၊ ယာဥ်မောင်းလိုင်စင်တွေအထိပါ ပါဝင်ပါတယ်။

လျော်ကြေးငွေ သန်း ၅၀၀ မှာ သန်း ၃၅၀ က နစ်နာသူနဲ့ ရှေ့နေတွေကြား ခွဲဝေယူကြမှာဖြစ်ပြီး တစ်ယောက်ချင်းစီ ရမယ့်ပမာဏကိုတော့ တရားစွဲတဲ့ အသုံးပြုသူဦးရေနဲ့ ရှေ့နေခတွေကို တွက်ချက်ပြီး ခွဲဝေယူသွားမှာဖြစ်ပါတယ်။​ အချက်အလက်ခိုးယူခံရတဲ့ အသုံးပြုသူတွေကိုတော့ T-Mobile က မကြာခင် အသိပေးသွားမယ်လို့ ဆိုပါတယ်။

သန်း ၅၀၀ ထဲက ကျန် ၁၅၀ ကိုတော့ T Mobile အနေနဲ့ လုံခြုံရေးမြှင့်တင်မှုနဲ့ ၂၀၂၃ အမှီ နောက်ထပ် လုံခြုံရေး ကြိုးပေါက်မှု မဖြစ်အောင် ပြင်ဆင်မှုလုပ်တဲ့နေရာတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ T Mobile အနေနဲ့ လုံခြုံရေးကျိုးပေါက်မှုတွေဖြစ်တာ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ၅ ကြိမ်ထက်မနည်း ရှိပြီဖြစ်ပါတယ်။

ဒီတရားခွင်အတွင်းမှာ T Mobile အနေနဲ့ မိမိတို့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို မကာကွယ်နိုင်မှု၊ အချက်အလက်ချိုးဖောက်ခံရသူတွေကို သတိပေးရန် ပျက်ကွက်မှု စတဲ့အပြစ်တွေနဲ့ တရားစွဲခံရတာပါ။ T Mobile ဖက်က ဒီစွဲချက်တွေကို အပြစ်ဝန်ခံခဲ့ခြင်းတော့ မရှိပါဘူး။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Couple တွေစမ်းကြည့်သင့်တဲ့ App များ

Next
Next

အမျိုးသမီးတိုင်း ဆောင်ထားသင့်တဲ့ ​App ၃ ခု