100MP sensor ထုတ်ဖို့ပြင်ဆင်နေတဲ့ Sony

စမတ်ဖုန်း ကင်မရာအကြမ်းစားတွေထုတ်နေတဲ့ Sony အနေနဲ့ သူ့ရဲ့ပထမဆုံး မိုဘိုင်းကင်မရာ Sensor 100MP ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ Sony အနေနဲ့ Flagship တွေထုတ်ဖို့ထက် ကင်မရာပိုင်းကို အသားပေးလာတာ နောက်ပိုင်းသတိထားမိရပါတယ်။ ခုထုတ်လုပ်မယ့် ကင်မရာဆင်ဆာကိုလည်း Mid-range ဖုန်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်မယ်လို့ သိရပါတယ်။

ဒီ Sensor ကို Sony IMX8 Series အတွက် ရည်ရွယ်ပြီး ထုတ်လုပ်နေတာဖြစ်ပါတယ်။ IMX 800 Series ကို 54MP Sensor နဲ့စတင်ပွဲထွက်လာခဲ့ပါတယ်။ ဒီ Sensor ကို Honor 70 မှာလည်း အသုံးပြုခဲ့ပါတယ်။ 100MP Sensor နဲ့ပတ်သတ်ပြီး အသေးစိတ် မထုတ်ပြန်ထားပေမယ့် Mid-range အတွက် ထုတ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Sony IMX900 Series အတွက်လည်း အဖက်ဖက်က Develop လုပ်နေပြီး ပြိုင်ဖက် Samsung နဲ့အပြိုင် ထုတ်ဖို့အတွက် တာဆူနေပြီလို့ ဆိုနိုင်ပါတယ်။ Samsung ကတော့ 200MP HP1 ထိထုတ်ထားနိုင်ပြီဖြစ်ပြီး နောက်နှစ်ထွက်လာမယ့် Samsung Galaxy S23 Ultra မှာမြင်ရမလားဆိုတာ စောင့်ကြည့်ရပါမယ်။ Samsung အနေနဲ့ GN2 ထက် Sensor Size ကြီးတဲ့ 1/1.12" ကိုလည်း ထုတ်ဖို့ပြင်နေပါတယ်။ Sony နဲ့ အပြိုင်အဆိုင်ဆိုရင် ကြည့်ကောင်းဦးမယ့် ပွဲဖြစ်ပါတယ်။

Sony အနေနဲ့လည်း သူ့ကိုယ်ပိုင် Sensor အကြီးကြီးပိုင်ဆိုင်ထားပြီး 1" ရှိပါတယ်။ RX100 VII Camera အတွက် နဂိုရည်ရွယ်ပြီး ထုတ်လုပ်ထားပြီး ဖုန်းထဲမှာ ဒီလောက်ကြီးတဲ့ Sensor ထည့်ဖို့ Sony အနေနဲ့ ဘယ်လိုစဥ်စားနေလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

vivo သည် ရွှေကဲ့သို့ လင်းလက်တောက်ပသော ရွှေရောင်ဒီဇိုင်းအသစ်ဖြင့် V23e ကို မြန်မာနိုင်ငံတွင် မိတ်ဆက်

Next
Next

Cloudflare Server Down သွားတာကြောင့် ကမ္ဘာ့အင်တာနက် ၃ပုံ၁ပုံခန့် ရပ်တန့်