Galaxy Fold ဆက်လက်အသုံးပြုနေဆဲ Bill Gates
Microsoft ရဲ့ Founder တစ်ဦးဖြစ်တဲ့ Bill Gates ဟာ Fold ဖုန်းတွေရဲ့ ပရိသတ်ဖြစ်ပုံရပါတယ်။ သူရဲ့မနှစ်တုန်းက လူကြားထဲမှာ ထုတ်ပြခဲ့တဲ့ နေ့စဥ်သုံးအဖြစ်သုံးနေတဲ့ ဖုန်းဟာ ထူးထူးခြားခြား Microsoft Surface Duo 2 မဟုတ်ပဲ Samsung Galaxy Z Fold 3 ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လူမြင်ကွင်းပွဲတစ်ခုမှာတော့ Bill Gates ဟာ Z Fold 3 မဟုတ်တော့ပဲ Galaxy Z Fold 4 ဖြစ်သွားပြန်ပါတယ်။ ဒါဟာ Samsung Chairman တစ်ဦးဖြစ်တဲ့ Lee Jay-Yong ကတောင်ကိုရီးယားကို အလည်သွားတုန်းက လက်ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ Gates ကပြောခဲ့ပါတယ်။
"ဒါပေါ့ဗျာ...ဖုန်းထဲမှာတော့ ကျွန်တော့်အနေနဲ့ Outlook mail ကိုသုံးပါတယ်။ ကျွန်တော်အနေနဲ့ Tablet ကိုတော့သုံးဖို့မလိုတော့ဘူး။ Windows OS Portable PC တစ်လုံးနဲ့ အတူတူခရီးထွက်လေ့ရှိတယ်လို့ ဆိုပါတယ်။
Bill Gates ရဲ့ရုံးခန်းထဲမှာ ဘယ်လို Setup တွေသုံးလေ့ရှိလဲမေးတဲ့အခါမှာတော့ Surface Studio ကိုအသုံးပြုပြီး ရုံးခန််းထဲမှာ SurfaceHub Whiteboard တွေနဲ့ပဲ အသုံးပြုလျက်ရှိတယ်လို့ဆိုပါတယ်။ မိတ်ဆွေတို့ရော ဘယ်လိုမြင်လဲဗျ.. Samsung Z Fold 3, Surface Duo အတွဲကို..
Ref : Android Police