ChatGPT က Google အတွက်အကြီးမားဆုံး ပြိုင်ဖက်ဖြစ်လာနိုင်

မိတ်ဆွေတို့လည်း ခုတစ်လောမြင်တွေ့နေကြမှာပါ။ ChatGPT ဟာလူတိုင်းထင်ထားတာထက်ပိုကောင်းလာတဲ့အတွက် လူတိုင်း ChatGPT ကိုအပျော်သဘောဖြစ်စေ၊ လုပ်ငန်းအတွက်အတွက်ဖြစ်စေ သုံးနေကြတာကိုမြင်တွေရနိုင်ပါတယ်။ လူတိုင်းပျော်ပြီးသုံးနေကြပေမယ့် မပျော်နိုင်တာကတော့ Google ပဲဖြစ်ပါတယ်။

Google က ChatGPT ဟာအကြီးမားဆုံး ပြိုင်ဖက်ဖြစ်လာနိုင်လို့ ကုမ္ပဏီက CODE RED အဖြစ်ပါကြေငြာပြီး အဖွဲ့တွေခွဲပြီး AI Product ထုတ်ဖို့အတွက် CEO ကိုယ်တိုင်အစည်းအဝေးတွေခေါ်နေတယ်လို့ဆိုပါတယ်။

ChatGPT ကို Google ကိုကြောက်ရခြင်းအကြောင်းအရင်းကတော့ မိတ်ဆွေတို့ အကြောင်းအရာတစ်ခုကို အဖြေပေးဖို့တောင်းဆိုလိုက်တဲ့အခါ ChatGPT က ပြဿနာကိုဖြေရှင်းဖို့ အသင့်လျော်ဆုံး အကြံပြုချက်တွေကိုပြန်ပေးတာဖြစ်ပြီး၊ Google မှာရှာရင်တော့ ပြဿနာဖြေရှင်းနည်းပါတဲ့ Link တွေကိုသာပြန်ပေးတယ်လို့ဆိုပါတယ်။

ဒီအတွက်လည်း Google မှာအဖြေကတော့ ရှိပြီးသားဖြစ်ပါတယ်။ ထုတ်မပြဖြစ်သေးတဲ့ Language Model for Dialogue Applications (LaMDA) နေ့စဥ်စကားပြောတွေကိုကိုင်တွယ်ဖြေရှင်းတဲ့ပရိုဂရမ် (လမ်ဒါ) ရှိကြောင်းကို သတင်းတွေမှာဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီ AI ကိုထုတ်မပြဖြစ်သေးတဲအချက်ကတော့ အသုံးပြုသူတွေအနေနဲ့ သူတို့လိုချင်တဲ့ အဖြေကိုပဲမြင်ရမယ်ဆိုရင် Google Ads တွေတိုင်ပတ်သွားနိုင်တာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ခုလိုအပြိုင်အဆိုင်ဖြစ်လာတာဟာ နည်းပညာလောကအတွက်တော့ ဝမ်းသာစရာပါပဲ။ ဘာလို့ဆို ကုမ္ပဏီကြီးတွေပြိုင်လေလေ နည်းပညာအသစ်တွေမြင်ရလေမို့လို့ပါ။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ခိုးယူသုံစွဲနေတဲ့ အကောင့် သန်း၁၀၀ ခန့်ကို ၂၀၂၃ မှာ ဖျက်ပစ်မယ့် Netflix

Next
Next

ခုတစ်လော Twitter ဂယက်များ