ခိုးယူသုံစွဲနေတဲ့ အကောင့် သန်း၁၀၀ ခန့်ကို ၂၀၂၃ မှာ ဖျက်ပစ်မယ့် Netflix

Passwordsharing လုပ်ပြီး အကောင့်မျှဝေသုံးစွဲနေတဲဲ့ Netflix အကောင့်ပေါင်း သန်း ၁၀၀ ခန့်ရှိပြီး ထိုအကောင့်တွေကို ၂၀၂၃ မှာဖျက်ချသွားဖို့ စီစဥ်နေတယ်လို့ Netflix ကတရားဝင်ထုတ်ပြန်ထားပါတယ်။ ဒီလိုလုပ်ဖို့ကိုလည်း တောင်အမေရိက Region မှာစမ်းသပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ကယ်လို့ Password Share ပြီးကြည့်မယ်ဆိုရင် ပိုက်ဆံအပို ကောက်ယူသွားမယ့် အစီမအစဥ်လည်းရှိတယ်လို့ ဆိုပါတယ်။

Netflix ဘာလို့ဒီလိုအရေးယူမှုတွေလုပ်နေရလည်းဆိုတဲ့ အကြောင်းကတော့ ခုလိုမျှဝေသုံးစွဲနေတဲ့အကောင့်တွေကနေ နှစ်စဥ်အနည်းဆုံးပိုက်ဆံ ဒေါ်လာ သန်း၂၀၀ ကျော်ခန့်ဆုံးရှုံးနေရတာကြောင့် ကုမ္ပဏီနစ်နာမှုတွေ အများကြီးဖြစ်လာလို့ အရေးယူမှုကိုစတင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဥ် လူသန်း ၁၀၀ ဆိုတာ Netflix အသုံးပြုနေသူစုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံနဲ့ညီမျှပါတယ်။

ဒီလို အကောင့်မျှဝေပြီးကြည့်တဲ့ပြဿနာဟာ ၂၀၁၉ ကတည်းကဖြစ်နေခဲ့တာဖြစ်ပြီး၊ ကိုဗစ်ကြောင့် Netflix ကိုလူတွေပိုမိုသုံးစွဲလာတဲ့အခါ မသိသာပေမယ့် ခုလို အပြင်တွေပြန််ထွက်လို့ရ၊ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တဲ့အခါမှာတော့ သုံးစွဲသူ သိသိသာသာလျော့ကျသွားပြီး ဝင်ငွေအတော်လေးထိလာတယ်လို့ ဆိုပါတယ်။ ဒါကောင့် ၂၀၂၁ နဲ့ ၂၀၂၂ နှစ်နှစ်တာအတွင်း Netflix အနေနဲ့အတော်လေး တိုင်ပတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင်မို့ Password Share ပြီးသုံးမယ်ဆိုရင် ပိုက်ဆံနည်းနည်းထပ်ပေးရင်ပေး၊ မပေးရင် တစ်ခုခုအရေးယူဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ Netflix အနေနဲ့ Viewer ကျမသွားဖို့ကိုလည်း ထိန်းထားချင်ပုံရပါတယ်။ ဒါ့အပြင် Ads ပါဝင်တဲ့ Plan ကိုလည်း မိတ်ဆက်ထားပြီး Viewer နဲ့ Publisher တွေကြား အဆင်ပြေအောင် လုပ်ဆောင်နေကြောင်း ကြေငြာထားပါတယ်။

Ref : Android Police

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ထင်ထားတာထက် စောပြီးမိတ်ဆက်လာတဲ့ OnePlus 11

Next
Next

ChatGPT က Google အတွက်အကြီးမားဆုံး ပြိုင်ဖက်ဖြစ်လာနိုင်