ခုတစ်လော Twitter ဂယက်များ

Twitter ကတော့ Elon Musk CEO ဖြစ်ပြီးကတည်းက တစ်ရက်မှနားရတယ်မရှိ ပွဲတွေဆက်နေခဲ့တာပါ။ ဝန်ထမ်းတွေကို အလုပ်တွေဖြုတ်၊ Free Speech အတွက််ဆိုပြီး Blue Tick တွေရောင်း စတဲ့အပြောင်းအလဲတွေလည်း အကြီးအကျယ်ပါပဲ။

ဒီတစ်ပတ်အတွင်းမှာတော့ Twitter အနေနဲ့ အတော်လေးဂယက်ပြန်ထရတဲ့အကြောင်းရင်း အချို့ကတော့-

- Free Speech အော်ပြီး သတင်းထောက်အချို့ရဲ့ အကောင့်တွေကို Twiiter ကနေအပြီး ban တာမျိုး

- တစ်ခြား Social Media Link တွေ Twitter ပေါ်မှာ Share တာမျိုးတွေကို လက်မခံတော့ပဲ ပိုက်ဆံတောင်းဖို့ပြင်နေတာတွေ

- နောက်ဆုံးတစ်ခုကတော့ Elon Musk ကိုယ်တိုင် CEO နေရာကနေဆင်းဖို့ Public Vote လုပ်တဲ့အခါ CEO အဖြစ်ဆက်မလုပ်ဖို့ဖက်က နိုင်သွားလို့ CEO အသစ်ရှာဖို့ပြင်နေတယ်ဆိုတဲ့ သတင်းတွေပဲဖြစ်ပါတယ်

Twitter User တွေလည်း ဒီကိစ္စကြောင့် အတော်လေးပွဲဆူနေပြီး နောက်လာမယ့် CEO ကဘယ်သူလဲ၊ တစ်ကယ်လို့ CEO အသစ်လာခဲ့ရင် ပိုဆိုးအောင်လုပ်မယ့်သူ မဖြစ်ဖို့ပဲ မျှော်လင့်တယ်လို့ ပြောဆိုနေကြပါတယ်။ Musk CEO ဖြစ်တာကို ထောက်ခံသူတွေကလည်း Free Speech အကြောင်းပြုပြီး မထွက်စေချင်တဲ့ဖက်ကလည်း ပွဲဆူနေပါတယ်။

နာမည်ကြီး Journalist တွေ အတော်များများလည်း Twitter ကိုစွန့်ခွာနေကြပြီး ကိုယ်ပိုင် Website နဲ့ Mastodon လို့ခေါ်တဲ့ Open Source Social Media Platform ပေါ်ကိုပြောင်းနေကြပါတယ်။ Elon အနေနဲ့ Twitter ကိုဘယ်လိုဆက်ပြီး Run မယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ လောလောဆယ်မှာ Elon ကြောင့် Tesla Share တွေလည်း ဈေးကျနေတယ်လို့ ပြောဆိုခံနေရတာတွေလည်း ရှိပါတယ်။

Ref : CNBC

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ChatGPT က Google အတွက်အကြီးမားဆုံး ပြိုင်ဖက်ဖြစ်လာနိုင်

Next
Next

ဖုန်းတွေမှာ ဖြုတ်လို့တပ်လို့ရတဲ့ Battery တွေပြန်မြင်ရတော့လား?