အချိန်ဖြုန်းလို့ကောင်းမယ့် Mini Games များ

MOBA Games တွေခေတ်စားလာတဲ့ အချိန်မှာ ပေါ့ပေါ့ပါးပါးနဲ့ Fun ဖြစ်ပြီး Simulation Game ကြိုက်တဲ့ သူတွေအနေနဲ့ ဆော့ကြည့်သင့်တဲ့ Game တွေကို မိတ်ဆက်ပေးချင်ပါတယ်။

1. Worldbox- God Simulator
တစ်ခြားဂိမ်းတွေနဲ့မတူပဲ ထူးခြားချက်ပြောရရင် ဒီဂိမ်းက Pixel Graphic Design ဖြစ်နေတာပါ။ Roblox, Minecraft ဆော့ဖူးတဲ့သူဆိုရင် သူရဲ့ Interface ကိုရင်းနှီးနေမှာပါ။ Gameplay က ကမ္ဘာ့ကြီးတစ်ခုကို ကိုယ်တိုင် God နေရာကဝင်ပြီး ဖန်တီးရတာဖြစ်ပါတယ်။ မြေကြီးတွေ၊ ပင်လယ်သမုဒ္ဓရာတွေ၊ မီးတောင်တွေ၊ လူတွေ၊ ရောဂါဆိုးတွေ အကုန်လုံးကို ဖန်ဆင်းနိုင်သလို လက်ကုန်ပြောရရင် ဂြိုလ်သားတွေ၊ Elf တွေ စတဲ့ ခပ်ဆန်းဆန်း အကောင်တွေပါ ဖန်တီးနိုင်ပါတယ်။ Free Game ဖြစ်ပြီး Ads လည်းမပါပါဘူး။ Full Version လိုချင်ရင်တော့ ပိုက်ဆံပေးဝယ်နိုင်သလို iOS, Android, PC စတဲ့ Platform ပေါင်းစုံမှာ ဆော့လို့ရတဲ့ Steam Game တစ်ခုပါ။ iOS နဲ့ Android မှာ အခမဲ့ရပေမယ့် PC မှာတော့ ဝယ်ဆော့ရမှာပါ။

2. Galactory
ဒီတစ်ခုကလည်း Worldbox နဲ့ပုံစံတူတစ်ခုပါပဲ။ မတူတာတစ်ခုကတော့ ဒီကောင်မှာက Create လုပ်ဖို့အတွက် In game ပိုက်ဆံလိုတာကြောင့် အချိန်စောင့်ဆိုင်းရတာတွေရှိတဲ့အတွက် Worldbox လောက်တော့ ပျော်ဖို့မကောင်းပေမယ့် Gameplay မတူတဲ့အတွက် ဆော့ကြည့်သင့်တဲ့ Game တစ်ခုဖြစ်ပါတယ်။

3. City Smash
အပေါ်က Game တွေနဲ့စာရင် လုပ်ပိုင်ခွင့်ကျဥ်းတဲ့ ဂိမ်းလို့ခေါ်ရင်မမှားပါဘူး။ အပေါ်ကဂိမ်းတွေမှာက ကမ္ဘာတစ်ခုလုံးကို ဖန်တီးလို့ရပေမယ့် ဒီဂိမ်းမှာက ကြိုတင်ပေးထားတဲ့ မြို့တစ်ခုကို Alien Attack လုပ်တာ၊ ငလျင်ဖန်တီးတာ စတဲ့ ဖျက်ဆီးရတဲ့ ဂိမ်းမျိုးဖြစ်ပါတယ်။ အပေါ်က ၂ ခုနဲ့ Unique ဖြစ်လို့ စမ်းဆော့ကြည့်သင့်တယ်လို့တော့ ထင်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကြော်ငြာကြည့်ရင်း ဈေးသက်သက်သာသာနဲ့ ကြည့်နိုင်မယ့် Netflix Plan အသစ်

Next
Next

Charger မပါလို့ Brazil မှာ ဒဏ်ကြေးထပ်ဆောင်လိုက်ရတဲ့ Apple