CEO အလုပ်ပြုတ်သွားပြီးနောက် OpenAI ဘာဆက်ဖြစ်မလဲ

OpenAI ရဲ့ Creator လို့ပြောလို့ရတဲ့ CEO Sam Altman ကိုဘုတ်အဖွဲ့က အလုပ်ထုတ်ပြီး မကြာခင်မှာပဲ OpenAI ရဲ့ ရှယ်ယာအများစုကိုပိုင်တဲ့ Microsoft က မနေ့ကပဲ သူတို့ကုမ္ပဏီမှာ Sam Altman နဲ့ OpenAI Co-founder Greg Brockman ကို Mircosoft ရဲ့ ကိုယ်ပိုင် AI Project တွေကို Lead လုပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လုံးဝ Surprise ပါ။ မခေါ်လို့လည်း မရပါဘူး။ Microsoft စတော့ဈေးတွေက ကျနေပြီကိုး....

ဒီနေ့မှာတော့ OpenAI ဘုတ်အဖွဲ့က အရူးမီးဝိုင်းဖြစ်နေပြီဖြစ်ပြီး လူ ၇၇၀ လောက်ရှိတဲ့ OpenAI မှာ ဝန်ထမ်း ၆၀၀ ကျော်လောက်က Sam Altman ကိုပြန်ခေါ်မပေးဘူးဆိုရင် အလုပ်ထွက်မယ်ဆိုတဲ့အကြောင်းကို လက်မှတ်ထိုးပြီး ဘုတ်အဖွဲ့ကို ဆန္ဒပြနေပါတယ်။ ပိုဆိုးတာက ဘယ်အချိန်ကတည်းက ဒီအခွင့်အရေးကို စောင့်နေလဲမသိတဲ့ Microsoft က တစ်ကယ်လို့ အဲ့ဒီဝန်ထမ်းတွေ သူတို့ဆီကို ပြောင်းလာမယ်ဆိုရင် အလုပ်ခန့်ဖို့ အသင့်ရှိကြောင်း စောင့်နေတာပဲဖြစ်ပါတယ်။

အဲ့တော့ OpenAI ရဲ့ ဘုတ်အဖွဲ့ကတော့ အာချောင်မိ အပြစ်ရှိ အကြပ်ရိုက်နေပါပြီ။ ဒါပေမယ့် လောလောဆယ်မှာတော့ Sam Altman တို့ကို OpenAI ကိုပြန်လာဖို့ ညှိနေတုန်းလို့ ဆိုပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကိုရီးယားနန်းတွင်းကားထက် ရှုပ်တဲ့ OpenAI ဇာတ်လမ်း

Next
Next

Play Store ကနေဖြုတ်ချခံထားရတဲ့ Nothing Chats