ကိုရီးယားနန်းတွင်းကားထက် ရှုပ်တဲ့ OpenAI ဇာတ်လမ်း

OpenAI ရဲ့ Board Of Directors အဖွဲ့ကနေပြီး Founder Sam Altman ကိုအလုပ်ဖြုတ်ပြီး ကုမ္ပဏီကို မောင်ပိုင်စီးဖို့ကြိုးစားတဲ့ ကိစ္စမှာ ဘုတ်အဖွဲ့အရှုံးနဲ့ရင်ဆိုင်လိုက်ရပါတယ်။ Microsoft ကိုသွားတော့မလိုလို သတင်းထွက်တဲ့ Sam Altman အနေနဲ့ OpenAI မှာပဲ CEO အဖြစ်ပြန်လာမှာဖြစ်ပြီး တစ်ချို့ အပြောင်းအလဲတွေရှိလာပါတယ်။

Sam Altman နဲ့ Co-Founder Greg Brockman OpenAI ကိုပြန်လာပါမယ်။ ဒါ့အပြင် ဘုတ်အဖွဲ့ဟောင်းကိုဖျက်ပြီး အသစ်ပြန်ထောင်ပါမယ်။ အသစ်ထောင်မယ့် ဘုတ်အဖွဲ့မှာ လူ ၉ ယောက်ထပ်တိုးထားပြီး Microsoft နဲ့ Sam Altman ကိုယ်တိုင်လည်း တစ်နေရာစီယူပါမယ်။ ခုလို ဘုတ်အဖွဲ့ကနေ ကုမ္ပဏီကို ကမောက်ကမဖြစ်အောင် လုပ်တဲ့တရားခံတွေနဲ့ အကြောင်းအရင်းကို စုံစမ်းနေပြီးဖြစ်ပါတယ်။

OpenAI မှာရင်းနှီးမြှပ်နှံထားသူတွေအနေနဲ့ Sam Altman ပြန်လာတာကို ဝမ်းသာနေသလို ဆန္ဒပြနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေလည်း အကုန်အလုပ်ပြန်ဆင်းကြတော့မယ်လို့ ဆိုပါတယ်။ Microsoft အနေနဲ့လည်း နောက်ထပ်ဒီလိုကိစ္စတွေ မဖြစ်လာအောင် ဒါရိုက်တာဘုတ်အဖွဲ့ထဲ ဝင်ထိုင်ထားတယ်ဆိုတဲ့ သဘောရောက်ပါတယ်။ အာထချောင်မိတဲ့ ဒါရိုက်တာဘုတ်အဖွဲ့ကတော့ ဒီနေ့ကံမကောင်းပါလားလို့ပဲ ပြောရမှာပါ။

Ref : The Verge

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

YouTuber JerryRigEverything နဲ့ Dbrand တို့ Casetify ကိုပူးပေါင်းတရားစွဲ

Next
Next

CEO အလုပ်ပြုတ်သွားပြီးနောက် OpenAI ဘာဆက်ဖြစ်မလဲ