ထင်ထားတာထက် စောပြီးမိတ်ဆက်လာတဲ့ OnePlus 11

နောက်နှစ် ဖေဖော်ဝါရီထဲမှ ထွက်မယ်ကြေငြာထားပြီး ရုတ်တရက်ချက်ချင်းကြီး Surprise တိုက်ခံလိုက်ရတဲ့ OnePlus Fan တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်မှာပဲအရင်ဆုံး OnePlus 11 ကိုမြင်ရပါမယ်။ Global မှာတော့ အရင်အတိုင်း ဖေဖော်ဝါရီမှမိတ်ဆက်မှာမို့ အနည်းငယ်နောက်ကျပါလိမ့်မယ်။

လောလောဆယ် သိထားရတဲ့ Specification တွေကတော့

- Snapdragon 8 Gen 2

- 12/16 GB RAM

- up to 512 GB ROM

တို့အပြင် Android 13 ကိုအခြေခံထားတဲ့ Color Os 13 နဲ့ထွက်လာမယ်လို့သိရပါတယ်။

အမှန်တိုင်းပြောရရင် OnePlus အနေနဲ့ Oppo နဲ့လက်တွဲပြီးကတည်းက Software Optimaztion ပိုင်းကိုတော့ တစ်ဖြည်းဖြည်းတိုင်ပတ်လာတာကို အားမရတော့တာပါပဲ။ ခုလည်း Spec တွေအတိုင်းဆို ကြိုက်မိပေမယ့် Software ပိုင်းကိုအားမရတာအမှန်ပဲ။ နောက်ပြီး နည်းပညာအသစ်တွေကို Oppo မှာထည့်ဖို့ OnePlus မှာစမ်းပြီးတဲ့ကိစ္စကိုလည်း မကြိုက်ဘူး။ အရင်တုန်းက တစ်အပေါင်းလေးကို မျှော်လင့်နေမိတုန်း...

Ref : Android Authority

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Censorship ကိုကျော်လွှားနိုင်မယ့် StarLink

Next
Next

ခိုးယူသုံစွဲနေတဲ့ အကောင့် သန်း၁၀၀ ခန့်ကို ၂၀၂၃ မှာ ဖျက်ပစ်မယ့် Netflix