Camera Lens တွေတပ်ပြီး ဓာတ်ပုံရိုက်နိုင်မယ့် Concept ဖုန်းထုတ်ပြလိုက်တဲ့ Xiaomi

ကင်မရာမကောင်းတဲ့ဖုန်းတွေ ကိုင်ရတာ စိတ်ပျက််နေပြီလား...၊ ဒါမှမဟုတ် ကိုယ့်ဖုန်းမှာလဲ Mount တပ်ပြီး Lens လဲပြီး ဓာတ်ပုံရိုက်ချင်လား ဒါဆိုရင်တော့ ဒီဖုန်းက အနာဂတ်မှာရွေးစရာဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် Camera Sensor Size ကလည်း ၁ လက်မတောင်ရှိမယ်ဆိုတော့ လုံးဝအယ်စတုံကြီးဖြစ်နေမှာပါ။

ပုံမှန်ဖုန်းတွေမှာ Focal Length တစ်ခုထဲရှိလို့ လိုသလို ကျဥ်း၊ကျယ်လို့ရတဲ့ Focal Lens တွေကို Connector Mount တပ်ပြီး သုံးဖို့အတွက် Xiaomi ကရည်ရွယ်ထားပါတယ်။ ဒီဖုန်းကို Xiaomi 12S Ultra လို့အမည်ပေးထားပြီး သူနဲ့အပြိုင်နောက်ထပ် Project တစ်ခုလည်း ရှိပါသေးတယ်။ အဆိုပါဖုန်းမှာ Main Camera အပြင် နောက်ထပ်အနေနဲ့ ကင်မရာအပေါက်ပါပေမယ့် Lens မပါတဲ့ Lensပေါက်တစ်ခုပါဝင်မှာပါ။ Mirrorless Lens တွေကို ဖုန်းတပ်ပြီးတာနဲ့ Camera Software နဲ့တပ်ဆင်ထားတဲ့ Lens ကို လိုအပ်သလိုထိန်းညှိမှာဖြစ်ပြီး အနည်းဆုံး 10-bit RAW နဲ့ရိုက်ပေးနိုင်မှာပါ။

ပုံမှန်ဆိုရင် ကင်မရာမှာ Lens တွေတပ်တဲ့အခါ Camera Mount တွေလိုအပ်သလို Xiaomi ဖုန်းမှာလည်း Adapter လိုအပ်မှာပါ။ Main Camera ကိုတော့ ပုံမှန်အတိုင်း ထည့်ထားပေးပြီး မိတ်ဆွေအနေနဲ့ Lens တပ်ချင်လာတယ်ဆိုရင်တော့ Camera Sensor Size 1 လက်မ အပေါက်မှာ ​Lens တပ်ပြီး ရိုက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ Computational တွေအတွက် Snapdragon 8 Gen 1+ ကိုထည့်သွင်းပေးထားမှာဖြစ်လို့ နမူနာပြထားတဲ့ ပုံတွေမှာ ဘယ်လောက် Powerful ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ Concept ဖုန်း အဖြစ်ထွက်လာပေမယ့်လည်း စိတ်ဝင်စားဖို့ကောင်းနေတာမို့ မိတ်ဆွေတို့ ဘယ်လိုမြင်လဲဗျ?

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နားထောင်ကြည့်သင့်တဲ့ Spotify Playlist

Next
Next

ဂြိုလ်တုကနေ စာတို့ပို့နိုင်တဲ့လုပ်ဆောင်ချက်ပါဝင်လာမယ့် Huawei Mate Xs 2