ဂြိုလ်တုကနေ စာတို့ပို့နိုင်တဲ့လုပ်ဆောင်ချက်ပါဝင်လာမယ့် Huawei Mate Xs 2

Huawei အနေနဲ့ Apple ကျောတာမခံဘူးဆိုတဲ့သဘောပါပဲ။ သူတို့ရဲ့ Foldable Phone ဖြစ်တဲ့ Mate Xs 2 မှာ Satellite Connection နဲ့ စာတိုပို့စနစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို တရုတ်မှာ Special Event လုပ်ပြီး Developer တွေကိုဖိတ်ခေါ်ခဲ့ပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို Baidou Satellite Connection လို့ခေါ်ပါတယ်။ Mate Xs 2 ဟာ ပထမဆုံး Foldableဖြစ်တဲ့ Satellite ဖုန််းလည်း ဖြစ်လာမှာပါ။

ဒီ ဂြိုလ်တုဆက်သွယ်ရေးကို ဖုန်းလိုင်းမမိတော့တဲ့နေရာတွေမှာ ဂြိုလ်တုကနေတစ်ဆင့် ကိုယ်ရဲ့တည်နေရာအချက်အလက်နဲ့ စာတိုတွေ သူငယ်ချင်းတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကို ပေးပို့ဆက်သွယ်နိုင်မှာပါ။ Appleနဲ့တူတူပါပဲ။ တစ်ခုရှိတာက ဒီလုပ်ဆောင်ချက်ကို တရုတ်နိုင်ငံအတွင်းပဲ အသုံးပြုလို့ရဦးမှာဖြစ်သလို Message တွေကို ကိုယ်ကပဲပေးပို့နိုင်ပြီး လက်ခံနိုင်တဲ့ လုပ်ဆောင်ချက်တော့ မပါဝင်တာပဲဖြစ်ပါတယ်။ အဲ့တော့ တောထဲတောင်ထဲ ဒုက္ခရောက်နေရင် လာကယ်ဖို့ပြောပြီး ထိုင်စောင့်နေရမယ့် ပုံပါ။ ဒါပေမယ့် အနာဂတ်မှာတော့ ဂြိုလ်တုဆက်သွယ်ရေးကနေတစ်ဆင့် အပြန်အလှန်စာပို့နိုင်ဖို့နဲ့ ဖုန်းပြောနိုင်ဖို့ပါ လုပ်ဆောင်သွားမယ်လို့ Huawei ကဆိုပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Camera Lens တွေတပ်ပြီး ဓာတ်ပုံရိုက်နိုင်မယ့် Concept ဖုန်းထုတ်ပြလိုက်တဲ့ Xiaomi

Next
Next

AI ကြောင့်ဖြစ်လာနိုင်တဲ့ ပြဿနာများ