Bend Test တွေမှာ Asus ROG ဖုန်းတွေဘာကြောင့် အလည်က ထက်ပိုင်းကျိုးနေရတာလဲ

အရင်နှစ်ကလည်း Asus ROG 5 Ultimate ကို Jerry Rig Everything အနေနဲ့ Bend Test လုပ်ရာကနေ ထက်ပိုင်းကျိုးသွားခဲ့ပါတယ်။ ကမ္ဘာ့ Powerful အဖြစ်ဆုံး၊ ဈေးလည်းကြီး၊ ထုထည်ကလည်း ခပ်ကြီးကြီးဖြစ်သလို Gaming ဖုန််းလို့ ထုတ်ထားတာဖြစ်တဲ့အတွက် Rage Quit လုပ်တာတွေရှိတတ်တာကိုလည်း ထည့်တွက်ထားသင့်တဲ့ Premium ဈေးကြီးကြီး ဖုန်းတစ်လုံးအနေနဲ့ ထပ်ပိုင်းကျိုးသွားတာ အလည်ခေါင်မှာထပ်ထည့်ပေးထားတဲ့ USB-C ကြောင့်လား Design ကြောင့်လားဆိုတာ ဘယ်သူမှ အဖြေမရှိခဲ့ကြပါဘူး။

ဒီတစ်နှစ်လည်း Jerry Rig အနေနဲ့ Asus ROG 6 Pro ကိုထပ်မံပြီး စမ်းသပ်တဲ့အခါ ထူးမခြားနား ထပ်ပြီး Bend တဲ့အခါ အလည်က ထပ်ပိုင်းကျိုးပြန်ပါတယ်။ တစ်ကယ်တော့ ROG 6 Pro ထက် ထုထည်ပါးတဲ့ ဖုန်းတွေတောင် ကျော်ဖြတ်နိုင်တဲ့ ဒီစမ်းသပ်ချက်ကို ဒီဖုန််းတွေဘာလို့ ကျဆုံးနေရလဲဆိုတာကို Jerry Rig ကိုယ်တိုင် ဖုန်းကို တစစီဖြုတ်ထားပေးပါတယ်။

ROG 6 Pro ရဲ့ အတွင်းပိုင်းအားနည်းချက်က တစ်ကယ်ကို အတောင့်တင်းဆုံးဖြစ်အောင် လုပ်ရမယ့် ဖုန်းရဲ့ ခါးလည်မှာ အပေါက်ကြီးတစ်ခုထည့်ပေးထားခြင်းလို့ယူဆရပါတယ်။ Gaming ဖုန်းဖြစ်လို့ Heat Control အရေးကြီးပေမယ့် Heat Chamber ကနေ နောက်ကျောဖုံးကို အပူထွက်အောင် ထည့်ထားတဲ့ အပေါက်ကကြီးလွန်းလို့ အားနည်းချက်ဖြစ်သွားဟန်တူပါတယ်။ ဒါပေမယ့် Gamer တွေရဲ့ လိုအပ်ချက်အရ ခါးလည်မှာ USB-C ထည့်ရတာလည်း အပြစ်ပြောလို့မရပြန်ပါဘူး။

Asus 6 Pro မှာ အမာဆုံးနဲ့ Durable အဖြစ်ဆုံးက Screen Glass ဖြစ်ပါတယ်။ Gorilla Glass Victus ကတစ်ကယ်ကို မာတာပါ။ တစ်ကယ်လို့ Asus ROG 6 Pro သုံးမယ်ဆိုရင် ကာဗာ အမာတွေတပ်သုံးရမယ်လို့ အကြံပေးချင်ပါတယ်။ နို့မို့ဆိုရင် သိန်း ဆယ်ဂဏန်း တာ့တာပါပဲ။ မိတ်ဆွေတို့လည်း Asus ROG သုံးနေတဲ့သူတွေရှိလား။ ဘယ်လိုကာဗာတွေ တပ်ထားကြလဲ??

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

တစ်ခုပြီးတစ်ခု လွဲနေတဲ့ Twitter ဒေဝါလီခံရနိုင်တယ်လို့ Elon ကိုယ်တိုင် ဝန်ထမ်းတွေကို သတိပေး

Next
Next

ခေါက်လို့ရတဲ့ iPhone