Bangkok သွားမယ်ဆို သိထားသင့်ထားတဲ့ Website တွေနဲ့ App များ

ပြည်တွင်း ခရီးတွေသွားရင် ဘာသာစကားအခက်အခဲမရှိတာကြောင့် မေးမြန်ပြီး ပါးစပ်ပါရွာရောက် သွားလို့ရပေမယ့် နိုင်ငံခြား ခရီးစဥ်ဆိုရင်တော့ ဘာသာစကားအခက်အခဲရှိလာပြီမို့ နည်းပညာကို အကူအညီယူမယ်ဆိုရင် ပိုလွယ်ကူပြီး အခက်အခဲနည်းနိုင်လို့ Bangkok သွားရင် သိထားသင့်တဲ့၊ သုံးကြည့်သင့်တဲ့ Website တွေကို ဖော်ပြပေးလိုက်ပါမယ်။

1. NokAir
လေယာဥ်လက်မှတ်ကို Payment အဆင်ပြေရင် ကိုယ်တိုင်ဝယ်လို့ရပါတယ်။ Agent တွေမှာ ဝယ်တာ Fee အရမ်းပေးရလို့ ကိုယ်တိုင်ဝယ်မယ်ဆိုရင် ဘာမှလည်း အများကြီးမကုန်တော့ပါဘူး။ တစ်ခုသတိကပ်ရမှာက လေယာဥ် Ticket ဝယ်မယ်ဆိုရင် ရက်ကပ်မဝယ်ပဲ ၂ လလောက်ကြိုဝယ််ရင် ဈေးသက်သာပါတယ်။

2. Booking.com
ဒီကောင်ကို Agoda တို့ထက်ကျော်ပြီး ဘာလို့ Recommand ပေးလဲဆိုရင် Refund မြန်တာ၊ Service ကောင်းတာ၊ Discount လည်း များများရတတ်လို့ပါ။ တည်းမယ့် ဟိုတယ်၊ နေမဲ့ရက်သေချာရင် တစ်ခါတည်း Booking တင်ထားပါ။ Personal အရပိုကြိုက်လို့ Recommad ပေးပါတယ်

3. TripAdvisor
ဒီကောင်ကတော့ ကိုယ်သွားမဲ့ နေရာမှာရှိတဲ့ လည်ပတ်စရာနေရာတွေနဲ့ပတ်သတ်ပြီး တစ်ကယ်လည်ပတ်သူတွေရဲ့ Review တွေကိုကြည့်နိုင်မယ့် Website ဖြစ်ပါတယ်။ အမှန်အကန် လည်ပတ်ထားသူတွေရဲ့ Review ဖြစ်တာမို့ ဂျင်းမဟုတ်ပဲ Honest Review တွေကိုပဲ သိရမှာပါ။

4. Tourist Police i lert U
ဒီ App ကတော့ Blog တစ်ခုမှာဖတ်မိပြီး သုံးကြည့်ရာကနေ အဆင်ပြေလို့ ဆက်သုံးဖြစ်တဲ့ App ဖြစ်ပါတယ်။ ဘန်ကောက်မှာ တစ်ခုခုဖြစ်ရင် ကိုယ်ရောက်တဲ့နေရာကို ဒီ App ကနေ ပြောပြလိုက်တာနဲ့ Tourist Police လာရောက်ပြီး ကူညီပေးမှာဖြစ်ပါတယ်။

5. Google Maps
မပါမဖြစ်ပါပဲ။ ဘန်ကောက်မှာ Google Maps က အတော်လေး Function စုံနေပြီမို့ Sky Train စီးတာကအစ၊ Shopping Mall ထဲသွားတာ အဆုံး Google Maps နဲ့လုပ်လို့ရတာမို့ သုံးကျင့်ရှိအောင် သုံးကြည့်ဖို့ အကြံပေးပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Chat ထဲမှာ အရောင်းအဝယ် တစ်ခါတည်းလုပ်နိုင်တော့မယ့် Instagram

Next
Next

အသုံးပြုရ လွယ်ကူအဆင်ပြေမယ့် VPN များ