Chat ထဲမှာ အရောင်းအဝယ် တစ်ခါတည်းလုပ်နိုင်တော့မယ့် Instagram

ဒီနေ့မှာတော့ Instagram အနေနဲ့ Update အသစ်ထုတ်ပေးလိုက်ပါတယ်။ ဒီ Update မှာ Chat ထဲကနေ တစ်ခါတည်း ပစ္စည်းဝယ်ပြီး တစ်ခါတည်း ငွေချေလို့ရမယ့် Feature ပါဝင်လာတာဖြစ်ပါတယ်။ ဒီ လုပ်ဆောင်ချက်ကို SME လိုမျိုး လုပ်ငန်းငယ်လေးတွေပဲ အသုံးပြုလို့ရပါတယ်။ Order Comfirm လုပ်တာ၊ Payment Request လုပ်တာမျိုး၊ ငွေကောက်ခံတာမျိုးတွေကို Chat ထဲကနေ တစ်ခါလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ Chat ထဲတင် ပစ္စည်းမှာ၊ ပစ္စည်းစာရင်းကောက်၊ ငွေချေ လုပ်လို့ရလို့ အတော်လေး အဆင်ပြေပါတယ်။ ဒါ့အပြင် တစ်ခြားအချက်အလက်တွေဖြစ်တဲ့ Shipping နဲ့ Tracking လုပ်တာတွေလည်း လုပ်ဆောင်နိုင်ဦးမှာပါ။

Instagram ရဲ့ မူရင်းကုမ္ပဏီဖြစ်တဲ့ Meta ကတော့ တစ်ပတ်ကို One Billion ရှိတဲ့ Business Message တွေဟာ Meta ရဲ့ Platform ပေါင်းစုံမှာ ဖလှယ်နေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သူတို့ Platform ပေါ်မှာပဲ Business ကိုအစအဆုံး Run နိုင်အောင် ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို တရားဝင်သတင်းထုတ်ပြန်ထားတဲ့ စာစောင်ထဲမှာတော့ လူတစ်ယောက်အနေနဲ့ စီးပွားရေး Profile တစ်ခုကို Instagram ရဲ့ Message ကနေသွားပြီး ဈေးစကားပြော၊ ပစ္စည်းရွေးပြီးတာနဲ့ ငွေချေ၊ ငွေလွှဲတာတွေအပြင် အဆိုပါ Chat ကနေပဲ Order Tracking လိုက်တာတွေကိုလည်း လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ငွေချေဖို့အတွက် Meta Pay ကိုလည်း အသုံးပြုနိုင်တယ်ဆိုတာ Feature လုပ်ပေးထားပါတယ်။

တစ်ကယ်လို့ လုပ်ငန်းက စီးပွားရေးလုပ်ငန်း အသေးလေးဆိုရင်(SME) Customer တွေနဲ့ Real Time စကားပြောလို့ရတဲ့အပြင် ဒါ့အပြင် ဈေးဝယ်ခြင်းနဲ့ ဆိုင်တဲ့ အမေးအဖြေတွေလည်း လုပ်ဆောင်လို့ရပါတယ်။ ငွေတောင်းတာ၊ ငွေချေတာတွေလည်း Instagram Chat ထဲမှာ တစ်ခါတည်း လုပ်ဆောင်လို့ ရပါသေးတယ်။


Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Samsung ၏ နောက်ဆုံးပေါ် တီဗီထုတ်ကုန်အသစ်များ မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်

Next
Next

Bangkok သွားမယ်ဆို သိထားသင့်ထားတဲ့ Website တွေနဲ့ App များ