Apple ရဲ့ Satellite SOS ကြောင့် အသက်ဘေးကလွတ်ခဲ့သူတွေ

Apple ရဲ့ iPhone 14 Series နဲ့အတူတူ ပွဲထုတ်ထားတဲ့ Satellite SOS စနစ်ဟာ ဖုန်းလိုင်းမမိတဲ့နေရာတွေမှာတောင် ဂြိုလ်တုစနစ်ကို အသုံးပြုပြီး ကိုယ့်ရဲ့တည်နေရာကို အရေးပေါ်ကယ်ဆယ်ရေးအတွက် ထုတ်လွှင့်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ။

လွန်ခဲ့တဲ့တစ်ပတ်က အမေရိကန် ကယ်လီဖိုးနီးယားမှာ စုံတွဲတစ်တွဲမောင်းလာတဲ့ ကားဟာအရှိန်လွန်ပြီး ပေ ၃၀၀ လောက်နက်တဲ့ချောက်ထဲကို ကျသွားခဲ့ပါတယ်။ အဆိုပါနေရာမှာ ဖုန်းလိုင်းတွေလည်း မမိပါဘူး။ ကံကောင်းချင်တော့ အဆိုပါစုံတွဲမှာ iPhone 14 ပါသွားပြီး Satellite SOS ကနေတစ်ဆင့် အရေးပေါ်ကယ်ဆယ်ရေးတွေက ရဟတ်ယာဥ်နဲ့ အချိန်မှီကဘ်ထုတ်သွားနိုင်ခဲ့ပါတယ်။

နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့ နှင်းခဲတဲ့ အလက်စကာဒေသက ဒေသခံတစ်ယောက်ဟာ သူရဲ့နှင်းလျောစီးဆိုင်ကယ်ပျက်ပြီး နှင်းတောထဲပိတ်မိနေခဲ့ပေမယ့် iPhone 14 ရဲ့ Satellite SOS ကြောင့်အသက်ဘေးကလွတ်ခဲ့တယ်လို့ဆိုပါတယ်။ ထူးခြားတာတစ်ခုက Apple က Satellite SOS စနစ်ဟာ Latitude 62 ကျော်ရင်(ကမ္ဘာ့ဝင်ရိုးစွန်းကိုအရမ်းကပ်သွားရင်) အလုပ်မလုပ်နိုင်ဘူးကြေငြာခဲ့ပေမယ့် ခုဖြစ်ရပ်မှာတော့ အဆိုပါအမျိုးသားဟာ Latitude 66 ကျော်မှာရှိနေခဲ့တာပါ။

Apple Watch တုန်းကလည်း ကားအက်စီးဒင့်တွေမှာ Watch တွေက လူ့အသက်ကို ဘယ်လိုကယ်ခဲ့တယ်ဆိုတာ သာဓကတွေရှိခဲ့ပါတယ်။ ခုဖြစ်ရပ်တွေကတော့ Apple Satellite SOS စနစ်ကို လူ့အသက်ကိုကယ်တဲ့ ဖြစ်ရပ်တစ်ချို့ပဲဖြစ်ပါတယ်။

Ref : Android Authority

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

၂၀၂၃ အတွက် OnePlus Flagship

Next
Next

ကြယ်တွေကို ဓာတ်ပုံရိုက်ဖို့ Pixel ဖုန်းငှားပေးမယ့် Google Night Tour