ကြယ်တွေကို ဓာတ်ပုံရိုက်ဖို့ Pixel ဖုန်းငှားပေးမယ့် Google Night Tour

ခုနောက်ပိုင်း ကောင်းကင်မှာ ထူးထူးဆန်းဆန်းတွေမြင်ရရင် ဓာတ်ပုံဝါသနာရှင်တွေက ဖုန်းတစ်မြှောက်မြှောက်နဲ့ လက််စွမ်းပြချင်နေကြတယ်မလား။ ဂျပန်မှာ Night Tour ဆိုတဲ့ Program တစ်ခုက သူတို့သတ်မှတ်ထားတဲ့ ကြယ်ကြည့်တဲ့ Stargazing Point တွေမှာ Astrography အတွက် Pixel ဖုန်းတွေကို ငှားပေးနေပါတယ်။

ဂျပန်မှာရှိတဲ့ Achi ဆိုတဲ့ရွာဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၄၀၀ ကျော်မြင်သလို၊ အဲ့ဒီရွာကိုရောက်ဖို့ Cable ၁၅ မိနစ်စီးရပါတယ်။ အဆိုပါရွာက လောလောဆယ် ဂျပန်မှာ ကြယ်တွေကြည့်ဖို့ အကောင်းဆုံး Spot လို့သတ်မှတ်ထားခြင်းခံရပါတယ်။

December 24 ကစတင်မဲ့ ကြယ်ကြည့်ပွဲအတွက် Google နဲ့ ဂျပန်က SoftBank တို့ပူးပေါင်းပြီး လက်မှတ်တွေစတင်ရောင်းချနေခဲ့တာဖြစ်ပြီး၊ ပထမဆုံး လက်မှတ်ဝယ်သူ အယောက် ၁၀၀ ကို ဓာတ်ပုံရိုက်ကူးဖို့ Pixel ဖုန်း အလုံးရေ ၁၀၀၊ အနွေးထည်နဲ့ Tripod တစ်စုံစီစီစဥ်ထားတယ်လို့ ဆိုပါတယ်။

သတင်းတွေအရ လက်မှတ်တစ်စောင်ကို ၁၅ ဒေါ်လာခန့်ကျသင့်မှာဖြစ်ပြီး ငှားပေမယ့်ဖုန်းတွေကတော့ Pixel 7 Pro တွေဖြစ်မယ်လို့သိရပါတယ်။ နောက်တစ်ခုကတော့ ဓာတ်ပုံတွေကို ကူးယူဖို့ Google Drive တွေလည်း စီစဥ်ပေးမယ်လို့သိရပါတယ်။ Google ရဲ့ Night Mode Photography ကို Promote လုပ်နည်းမှန်တယ်လို့ပြောရပါမယ်။

ကျွန်တော်လည်း မြန်မာနိုင်ငံမှာ ခုလိုပွဲတွေလုပ်စေချင်ခဲ့တာပါ။ မိတ်ဆွေတို့ရော ဘယ်လိုထင်ကြလဲ၊ မြန်မာမှာပွဲလုပ်ရင် သွားကြမှာလား?

Ref : 9to5Google

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Apple ရဲ့ Satellite SOS ကြောင့် အသက်ဘေးကလွတ်ခဲ့သူတွေ

Next
Next

နာမည်ကြီး Journalist တွေကို Twitter ကနေဘန်းလိုက်တဲ့ Elon Musk