၂၀၂၃ အတွက် OnePlus Flagship

၂၀၂၃ ရောက်တဲ့အထိ OnePlus ဖန်ဖြစ်နေတုန်းဆိုရင်တော့ လာမယ့် February 7 ရက်နေ့မှာ OnePlus အနေနဲ့ သူတို့ရဲ့ Flagship ဖုန်းဖြစ်တဲ့ OnePlus 11 ကိုစောင့်ကြည့်ဖို့ အချိန်ရောက်ပါပြီ။ OnePlus ကတော့ ဒီဖုန်းကို Cloud 11 လို့နာမည်ပေးထားပါတယ်။

ထွက်လာတဲ့ပုံအရတော့ ကင်မရာပိုင်းကို Re-design လုပ်ထားပြီး Hasselblad နဲ့ပူးပေါင်းထားသလို Alert Slider လည်းပြန်ထည့်ပေးထားပါတယ်။ ခုလိုတွေလုပ်နေပေမယ့် စိတ်ထဲဘဝင်မကျတာတစ်ခုကတော့ တရုတ်မှာ OnePlus Offline Store တွေပိတ်ပြီး Online ကနေပဲမှာလို့ရတော့မှာဆိုတာပါပဲ။

လောလောဆယ်မှာတော့ Teaser ပဲထွက်ထားတာမို့ ဖုန်းအကြောင်း Spec တွေအသေးစိတ်မသိရသေးပဲ ဖုန်းရဲ့ TagLine ဖြစ်တဲ့ "Witness the Shape of Power" ဆိုတဲ့စာသားအရ Fast Charging 100W နဲ့အတူ Snapdragon 8 Gen 2 chipset, 6.7-inch screen ကို 120Hz refresh rate နဲ့လာမယ်လို့ ခန့်မှန်းရပါတယ်။

ကိုယ်တိုင်အမြင်ကိုပြောရရင်တော့ OnePlus ကို 7T နောက်ပိုင်းဘယ်လိုမှမကြိုက်တော့တာပဲ၊ နောက်ပြီး Oxygen OS ကြောင့်ကြိုက်ခဲ့ရတဲ့ Brand ကို Color OS ကြီးလုပ်လိုက်ကတည်းက သိမ်မလှည့်ချင်တော့တာ။ ခုလည်းဘယ်လိုတွေလာမယ်ဆိုတာ စောင့်ကြည့်ရတော့မှာပဲ

မိတ်ဆွေတို့ရော OnePlus ကိုအရင်လိုကြိုက်သေးရဲ့လား?

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဖုန်းတွေမှာ ဖြုတ်လို့တပ်လို့ရတဲ့ Battery တွေပြန်မြင်ရတော့လား?

Next
Next

Apple ရဲ့ Satellite SOS ကြောင့် အသက်ဘေးကလွတ်ခဲ့သူတွေ