တစ်ခြား ကုမ္ပဏီတွေထက် User Data ကို ပိုအလေးပေး ကာကွယ်တဲ့ Apple

Apple လို့ဆိုလိုက်တာနဲ့ ဖုန်းဆိုလည်း အကောင်းစား၊ အသုံးပြုသူတွေရဲ့ အချက်အလက်နဲ့ Privacy ကိုအတော်လေး ဦးစားပေးတဲ့ဖုန်းလို့ ပဲပြေးမြင်ကြပါတယ်။ တစ်ခြား Google, Samsung တို့ထက်ပိုပြီး အသုံးပြုသူတွေကို ဦးစားပေးတယ်လို့ အသိအမှတ်လည်း ပြုခံထားခဲ့ကြတာပါ။ လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို အလေးထားတယ်ဆိုတာ အခြေခံလူ့အခွင့်အရေးလို့လည်း Apple ကခဏခဏ အော်ခဲ့ပါတယ်။ Apple အနေနဲ့ Ads တွေက ပိုက်ဆံရယူတာမျိုးမရှိလို့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ဒေတာရောင်းစားတာမျိုးလည်း မလုပ်ပါဘူး။

StockApps လို့ခေါ်တဲ့ စစ်တမ်းတစ်ခုမှာ Google, Apple, Amazon, Facebook, Twitter တို့မှာ အသုံးပြုသူတွေရဲ့ Data တွေကို အခိုးဆုံးက Google ကထိပ်ဆုံးကပြေးပါတယ်။ အသုံးပြုတစ်ယောက်ချင်းစီရဲ့ Data ၃၉ ခုကို Google ကရယူချိန်မှာ Apple က ၁၂ ခုပဲရယူထားပါတယ်။ ဒါ့အပြင် အချက်အလက် ခိုးရာမှာ နာမည်ကြီး Facebook အနေနဲ့ Apple ထက် ၂ ခုပဲပိုပြီး သိမ်းခဲ့တာပါ။

စစ်တမ်းထဲမှာ Facebook နဲ့ Twitter အနေနဲ့ လိုတာထပ်ပိုတဲ့ အချက်အလက်တွေ သိမ်းယူထားလေ့ရှိပြီး Facebook ကတော့ အသုံးပြုသူ Keyboard ကနေရိုက်ထည့်လိုက်တဲ့ အချက်အလက်တွေကို အထိကထားပြီး သိမ်းယူလေ့ရှိပါတယ်။ Apple ကတော့ အကောင့်တွေကို ထိန်းသိမ်းဖို့ လိုသလောက် အချက်အလက်ကိုပဲ သိမ်တာဖြစ်ပါတယ်။ Apple အနေနဲ့ Data ကို အရေးပေးတဲ့နေရာမှာ အတော်လေး အလေးထားသလို သူရဲ့ ပိုက်ဆံရတဲ့နေရာကလည်း Ads တွေကမဟုတ်လို့လည်း ဖြစ်နိုင်ပါတယ်။

ကုမ္ပဏီကြီးတွေအနေနဲ့ အသုံးပြုသူတိုင်းအပေါ်မှာ မတူညီတဲ့ အချက်အလက်တွေနဲ့ မတူညီတဲ့ပမာဏတွေကို သိမ်းထားကြတယ်လို့ဆိုပါတယ်။ ဒီစစ်တမ်းကို Thrid-party tracker တွေဆီကရတဲ့အချက်အလက်ပေါ်မူတည်ပြီးထုတ်ပြန်ထားတာဖြစ်ပြီး အချက်အလက်တွေကို ကာကွယ်ဖို့ဆိုရင် Duck Duck Go နဲ့ ​Brave Browser တွေကို သုံးဖို့ အကြံပေးချင်ပါတယ်။

​Ref : 9to5Mac

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Android OS သုံးထားတဲ့ ဘယ်လို Device မျိုးမဆို ချိတ်ဆက်နိုင်မယ့် Google လုပ်ဆောင်ချက်အသစ်

Next
Next

Hacker တွေဖောက်ထွင်းနိုင်တဲ့ အန္တရာယ်ရှိလာနိုင်တယ်လို့ Apple ဆို