ဝန်ထမ်းတွေကို အလုပ်ခွင်အတွင်း AI သုံးခွင့်ပိတ်ထားတဲ့ Samsung

Samsung ဟာ သူရဲ့ဝန်ထမ်းတွေကို Generative AI တွေကို အလုပ်ခွင်အတွင်း အသုံးပြုခြင်းကို ပိတ်ပင်လိုက်ပါတယ်။ အကြောင်းရင်းကတော့ Samsung Developer တစ်ယောက်က ကုမ္ပဏီရဲ့ Internal Code တစ်ခုကို AI Platform တစ်ခုပေါ်တင်ပြီး အသုံးပြုမိသွားလို့ဖြစ်ပါတယ်။

Samsung ကထုတ်တဲ့ ကြေငြာချက်မှာ အလုပ်နဲ့ဆိုင်တဲ့ Phone, Tablet, Computers တွေမှာ AI သုံးခွင့်ပိတ်ပင်ထားပြီး ကိုယ်ပိုင် Device တွေကနေတစ်ဆင့်လည်း အလုပ်နဲ့ဆိုင်နဲ့ အကြောင်းအရာတွေကို AI နဲ့တွဲဖက်အသုံးပြုခြင်းကို ပိတ်ပင်လိုက်ပါတယ်။

ပိတ်ပင်လိုက်တဲ့အကြောင်းအရင်းကတော့ AI တွေအနေနဲ့ အသုံးပြုသူတွေရဲ့ Data တွေကို တစ်ချို့တစ်ဝက် သိမ်းထားတာမျိုးနဲ့ အလုံးစုံသိမ်းထားတာမျိုးတွေရှိလို့ အရေးကြီးတဲ့အချက်အလက်တွေ ပေါက်ကြားလာတာမျိုး ဖြစ်လာနိုင်လို့ ပိတ်ပင်ရတယ်လို့ ဆိုပါတယ်။ ဒီစည်းကမ်းကို မလိုက်နာတဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်မယ်လို့လည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေပုံထောက်ရင် အတော်လေးတော့ စိုးရိမ်နေပုံရပါတယ်။

Samsung တစ်ခုတည်းတင်မဟုတ်ပဲ Bank of America, Citigroup တို့လို နာမည်ကြီး Companies ကြီးတွေလည်း ဝန်ထမ်းတွေကို လုပ်ငန်းခွင်အတွင်း ChatGPT မသုံးရေး တားမြစ်ထားပါတယ်။

Samsung အနေနဲ့လည်း သူတို့ကိုယ်ပိုင် AI တစ်ခုကို တည်ဆောက်နေပြီဖြစ်ပြီး စကားပြန်၊ စာအရေးအသားနဲ့ပတ်သတ်လို့ အသုံးပြုဖို့ရည်ရွယ်ထားပြီး နောက်ပိုင်းမှာ Software Development ပိုင်းကိုပါ အထောက်အကူပြုနိုင်မယ့် AI ဖြစ်တယ်လို့ ပြောကြားထားပါသေးတယ်။

Samsung ကဝန်ထမ်းတွေကိုသာ AI အသုံးပြုခွင့်ပိတ်ထားပေမယ့် Samsung ဖုန်းတွေရဲဲ့ Swift Keyboard မှာတော့ Bing AI ကို Built-in အနေနဲ့ထည့်ပေးထားပါတယ်။

Ref : GSMArena

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Nothing Phone 2 Taser Look ထွက်လာပါပြီ

Next
Next

Apple Ecosystem ထက်ပိုကောင်းတဲ့ System တည်ဆောက်ပြမယ်လို့ ကြုံးဝါးထားတဲ့ Honor CEO