ကုမ္ပဏီအဖွဲ့သားတွေကိုယ်တိုင်ပါ သိပ််မသုံးဖြစ်ဘူးဆိုတဲ့ metaverse app

Meta ရဲ့ အရမ်းကောင်းပါတယ်ဆိုတဲ့ Virtual Worlds Social Media App တစ်ခုဖြစ်တဲ့ metaverse app ဟာ app ကို Develop လုပ်နေတဲ့ ကုမ္ပဏီအဖွဲ့သားတွေ ကိုယ်တိုင်တောင် ရံဖန်ရံခါမှသား အသုံးပြုဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင်တစ်ယောက်က ထုတ်ပြောလာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ Bug တွေ၊ Error တွေအများကြီး ပါဝင်နေလို့ဖြစ်တယ်လို့ ဆိုပါတယ်။​

Metaverse ဆိုတာ Social Media ကို VR တစ်ခုနဲ့ အသုံးပြုရတာဖြစ်ပြီး Virtual World ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ မိမိတို့ကိုယ်ပိုင် Avater တွေကတော့ Roblox နဲ့ Minecraft ထဲကလို ခြေထောက်မပါပဲ မျက်နှာနဲ့ ခန္ဓာကိုယ်သာ ပါဝင်ပါတယ်။ Metaverse ရဲ့ ဒုဥက္က၎ကတော့ App ထဲက Bugs တွေ၊ Performance Issues တွေ မပြင်သေးသရွေ့ ကုမ္ပဏီထဲက သတင်းတွေအပြင်ကို မပေါက်ကြားသင့်ဘူးလို့ ဆိုပါတယ်။

CEO Mark Zuckerberg အနေနဲ့ Facebook Company ကို Meta လို့ Rebrand လုပ်ပြီး နောက်ပိုင်းမှာ Metaverse အောင်မြင်ဖို့အတွက် တစ်နှစ်ကို ဒေါ်လာဘီလျံနဲ့ချီ အကုန်ကျခံပြီး သူရဲ့အိမ်မက်ဖြစ်တဲ့ Metaverse ကို တည်ဆောက်နေတာဖြစ်ပါတယ်။ အဆိုပါ Metaberse ကိုဝင်ရောက်အသုံးပြုဖို့ Meta Quest Headset တွေရောင်းချခဲ့ပြီး အသုံးပြုသူ ၃ သိန်းခန့်ရှိနေပြီဖြစ်ပါတယ်။ Mobile ဖုန်းနဲ့ Desktop Version ကိုတော့ မကြာခင်ရောက်လာမယ် မျှော်လင့်ရပါတယ်။

ဒါပေမယ့် Metaverse System မှာ Bugs တွေ၊ Graphics Stabel မဖြစ်သေးတာရှိနေဆဲဖြစ်တာမို့ Product Lunch. လုပ်ဖို့စောနေသေးတယ်လို့ Metaverse အဖွဲ့သားအချို့က ဆိုထားပါတယ်။ Mark Zuckerberg ကိုယ်တိုင် သူရဲ့ Metaverse Avatar ကို ဂုဏ်ယူဝင့်ကြွားစွာတင်ခဲ့ပေမယ့် Fortnite ထဲကဇာတ်ကောင်နဲ့ တူတယ်ဆိုပြီး Meme လုပ်ခံခဲ့ရတာ သာဓကပါပဲ။

"ခုလို Meta Horizon မှာ Bugs တွေများနေရခြင်းအကြောင်းက ဒီစနစ်ကိုဖန်တီးတဲ့ အဖွဲ့သားတွေကိုယ်တိုင် Meta Horizon ထဲမှာ အချိန်မကုန်ဆုံးကြခြင်းဖြစ်ပါတယ်။ အဖွဲ့သားတွေ ဘာလို့ သိပ်မသုံးကြလဲဆိုတော့.. မကြိုက်လို့ပါ။ ကိုယ့်စနစ်ကို ဖန်တီးသူတွေကိုယ်တိုင် မကြိုက်ရင် အသုံးပြုသူတွေက ဘယ်လိုကြိုက်ကြမလဲ" လို့ Metaverse ဒုဥက္က၎က မှတ်ချက်ပေးထားပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အကစွမ်းအင်ထုတ်လုပ်အသုံးချသွားမယ့် Glasgow Music ပွဲ

Next
Next

AirPods နဲ့ Beats နားကြပ်ထုတ်လုပ်မှုတွေ အိန္ဒိယကို ပြောင်းရွှေ့နေပြီဖြစ်တဲ့ Apple