New York အကြမ်းဖက်မှုတစ်ခုမှာ သေနတ်််သမားက Discord ကိုသုံးပြီး ဝါဒဖြန့်ခဲ့

ပြီးခဲ့တဲ့ရက်ပိုင်းထဲက အမေရိကန် နယူးယောက်မြို့ရဲ့ ရထားလမ်းပိုင်းတစ်ခုမှာ လူ ၁၀ ယောက်သေပြီး ၃ ယောက်ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်မှာ သေနတ်သမားက သူရဲ့ အကြံအစည်ကို Discord Server တစ်ခုမှာ ကြိုတင်ကြံစည်ထားခဲ့ကြောင်း ဆိုထားပါတယ်။

ဒီဇင်ဘာလထဲမှာ သေနတ်သမားအနေနဲ့ Private Discord Server တစ်ခုကိုထောင်ခဲ့ပြီး သူရဲ့အကြံအစည်တွေကိုချပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဖြူလူမျိုးကြီးဝါဒ၊ ဘုရားကျောင်းတွေမှာ ပစ်ခတ်မှုတွေလုပ်ခဲ့တဲ့ လူတွေအကြောင်းနဲ့၊ ကြမ်းတမ်းရုတ်ညံ့တဲ့ စကားလုံးတွေကို အကြိမ် ၃၀ ထက်မနည်း သုံးခဲ့တယ်လို့ ဆိုပါတယ်။ Discord အနေနဲ့ သိသိချင်းမှာပဲ Discord စည်းကမ်းတွေနဲ့မကိုက်ညီတဲ့ အဆိုပါ Server ကို ဖျက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ တုန်းက Discord အနေနဲ့ Moderation အဖွဲ့ဟာ အသုံးပြုသူတွေ Report တင်လာတဲ့ Message တွေကိုစစ်ဆေးတာနဲ့ ၊ ကုမ္ပဏီ Policies နဲ့မညီတဲ့ ကိစ္စတွေကို ရှာဖွေ အရေးယူတာရယ်ဆိုပြီး ၂ ခြမ််းခွဲဲထားတယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒီလို ၂ ဖွဲ့ခွဲပြီး လုပ်ဆောင်တဲ့အကြောင်းအရင်းကတော့ ၂၀၁၇ တုန်းကလည်း အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ Discord ကိုသုံးပြီး စုဝေးမှုတစ်ခု ပြုလုပ်ခဲ့လို့ပါ။ အဲ့အချိန်ကစပြီး Discord အနေနဲ့ Trust & Safety ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ငွေနဲ့ လူအားကို အချိန်ပေးပြီး အသုံးပြုခဲ့ပါတယ်။

၂၀၁၉ လောက်မှာတော့ Discord အနေနဲ့ အသုံးပြုသူတွေ ပေးပို့လာတဲ့ Report တွေကိုသာ အားထားပြီး ထိန်းချုပ်မှုတွေ ပြုလုပ်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ Mods တွေအနေနဲ့ Private Server တွေကိုပါ စောင့်ကြည့်နေပြီးဖြစ်ကြောင်းနဲ့ Private Server တွေမှာတော့ Report တင်မှသာ ကြည့်ခွင့်ရှိကြောင်း သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်ရပ်မှာ သေနတ်သမား Payton S, Gendron ဟာ လူမဲတွေကို ပစ်မှတ်ထားခဲ့ပြီး ပစ်ခတ်မှုကိုလည်း တိုက်ရိုက်ထုတ်လွှင့်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ Twitch ပေါ်မှာလည်း ပစ်ခတ်မှုကို Live လွှင့်ခဲ့ပြီး ၂ မိနစ်အတွင််း Twitch ကဖျက်ချခဲ့ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

OPPO reno 8 series ရဲ့ ပုံရိပ်များထွက်ပေါ်လာ

Next
Next

App Store နဲ့ Play Store ပေါ်မှာ စွန့်ပစ်ခံ App ပေါင်း ၁.၅ သန်း ခန့်ရှိနေ