တရုတ်မှာ Driverless Taxi ပထမဆုံးအသုံးပြုမယ့် Baidu

တရုတ်နိုင်ငံ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Baidu အနေနဲ့ တနင်္လာနေ့တုန်းက သူတို့ရဲ့ပထမဆုံး မောင်းသူမဲ့ကားကို တရုတန်ိုင်ငံအတွင်းမှာ တက်စီအဖြစ်နဲ့ စတင်ခွင့်ကို တရုတ်အစိုးရဆီကရရှိခဲ့ပါပြီ။

Baidu ဆိုတာတရုတ်နိုင်ငံရဲ့ Google လို့တင်စားခေါ်ဝေါ်နိုင်တဲ့ တရုတ်ရဲ့အကြီးဆုံး Search Engine ပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ သူတို့ရဲ့ ပထမဆုံး မောင်းသူမဲ့ကားကို တရုတ်အစိုးရဆီက အသုံးပြုခွင့်တောင်းနေခဲ့တာ နောက်ဆုံးမှာတော့ Chongqing နဲ့ Wuhan မြို့ကြီး ၂ မြို့မှာ အသုံးပြုခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်ကားတွေကို နေ့အချိန်တွေမှာ အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ ဒီမြို့တွေဟာ လူဦးရေ သန်း ၃၀ နဲ့ ၁၁ သန်းအသီးသီး ထူထပ်တဲ့ မြို့တွေပဲဖြစ်ပါတယ်။

ဒီခွင့်ပြုချက်ရသွားခြင်းဟာ Baidu အတွက် Tesla ကိုဖိုက်ဖို့အတွက် နောက်ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ တစ်ခြားမြို့ကြီးတွေဖြစ်တဲ့ Baijing, Shanghai, Shenzen တို့မှာတော့ စက်ရုပ်ပါဝင်တဲ့ အငှားယာဥ်တွေစမ်းသပ်နေပါတယ်။ လောလောဆယ်မှာတော့ ကားတွေမမှာ စီးနင်းသူတွေလုံခြုံရေးအတွက် ဦးစားပေးတွေကို စစ်ဆေးနေတယ်လို့သိရပါတယ်။

"ကျွန်တော်အနေနဲ့ နည်းပညာခြေလှမ်းအသစ်တစ်ခုကို အရမ်းလှမ်းချင်နေတာကြာပါပြီ။ ခုတော့ အစိုးရဆီကမီးစိမ်းပြပြီမို့အရမ်းဝမ်းသာရပါတယ်"လို့ Baidu ဒုဥက္က၎ Wei Dong ကပြောကြားခဲ့ပါတယ်။ " ဒီခွင့်ပြုချက်တွေကတစ်ဆင့် တရုတ်နိုင်ငံတစ်ဝှမ်းကို နည်းပညာတွေရောက်သွားအောင် ပြုလုပ်နိုင်မယ်လို့ ခန့်မှန်းကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ခွင့်ပြုချက်မှာ Baidu ရဲ့မောင်းသူမဲ့ အငှားယာဥ်တွေကို Wuhan မြိုမှာ မနက် ၉ နာရီ ကနေ ညနေ ၅ နာရီ၊ Chongqing မြို့မှာ မနက် ၉နာရီခွဲကနေ ညနေ ၄နာရီခွဲထိ အသုံးပြုခွင့်ပေးမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မြို့တစ်မြို့ကို ယာဥ် ၅ စီးပဲခွင့်ပြုထားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာခုမှ မောင်းသူမဲ့ကားတွေကို စတင်ပေမယ့် အမေရိကန်မှာတော့ မောင်းသူမဲ့ယာဥ်တွေကို Uber, Lyft တို့ကို ကုမ္ပဏီကြီးတွေက အင်တိုက်အားတိုက်အသုံးပြုနေပါတယ်။ မောင်းသူပါဝင်တဲ့ကားတွေထက် မောင်းသူမဲ့တွေကို ပိုအသားပေးပြီး အခကြေးငွေကိုလည်း ပိုမိုကောက်ခံပြီး ယာဥ်အန္တာရာယ်ကာကွယ်ရေးကိစ္စတွေမှာ အသုံးပြုနိုင်အောင် San Franciso မှာ စီမံချက်တွေထုတ်ပြန်လျက်ရှိပါတယ်။

Ref : CNN

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဖုန်းကနေ Personal Computer ကို File အလွယ်အတူပြောင်းနည်း ၅ မျိုး

Next
Next

Android ဖုန်းမှာ အထာကျကျ Wifi Password Share ကြမယ်