လောင်းကစားဂိမ်းတွေ App Store မှာကြော်ငြာလို့ မရတော့ပါ

ဟာ...အကို့ကိုကြည့်ရတာ စိတ်ညစ်နေတဲ့ပုံပဲ။ ကျွန်တော်ဆော့နေကြ ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ

အစချီပြီး ငါးပစ်ဂိမ်း၊ စလော့ဂိမ်း စတဲ့ ဂိမ်းပေါင်း ၅၀၀ ကျော်ကို တစ်နေရာထဲမှာ ဆော့နိုင်အောင်လုပ်ထားပေးပြီး၊ Payment တွေကလည်းစုံတော့ နေရာပေါင်းစုံက လူပေါင်းစုံ ဆော့လို့လွယ်တော့ ဆော့ပြီး နောက်ဆုံးတော့ လောင်းကစားတွေထုံးစံအတိုင်း ဒိုင်ပဲနိုင် ဆော့တဲ့သူတွေအကုန် အိမ်တိုင်ချွတ်လိုက်ရပါတယ်။

အခုနောက်ပိုင်း အွန်လိုင်းကနေ ဆော့ကစားနဲ့ လောင်းကစားဂိမ်းတွေကို နယ်ပယ်အသီးသီးမှာ ကန့်သတ်လာပါတယ်။ Twitch မှာလည်း Gambling Game တွေ Stream တာကို ဘန်းလိုက်ပြီဖြစ်သလို၊ ယခုလည်း Apple က App Store မှာ အလောင်းအစားဂိမ်းတွေ ကြော်ငြာတာကို ရပ်တန့်လိုက်ပါတယ်။ Facebook မှာတော့ ကြိုးကြားကြိုးကြား မြန်မာနိုင်ငံက Streamer အမည်ခံလေးတွေ Stream ပြီး လောင်းကစားဂိမ်းတွေ ဆော့ပြနေတာ ရှိပါသေးတယ်။

တစ်ကယ်တော့ လောင်းကစားဂိမ်းတွေဟာ အပြင်မှာရော၊ အွန်လိုင်းမှာပါ တရားဝင်ဖွင့်လှစ်ဆော့မယ်ဆိုရင် အစိုးရက ချမှတ်ထားတဲ့ တစ်နှစ်အမြတ်ငွေရဲ့ ဘယ်လောက်ကိုတော့ဖြင့် ကစားသူတွေဆီ ပြန်ပေးရပါတယ်ဆိုတဲ့ ကတိတွေ၊ စည်းမျဥ်းတွေနဲ့ ဖွင့်လှစ်ရတာဖြစ်ပါတယ်။ ဒါကိုအစောပိုင်းတုန်းကလည်း ကျွန်တော်ရေးခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ ကြပ်တည်းနေတဲ့ကာလမှာ လူတိုင်းက ငွေကိုအလွယ်လိုက်ရှာဖို့ ကြိုးစားနေကြတဲ့အတွက် အလောင်းအစားဆိုတာ လူတိုင်းလက်လှမ်းမှီနေတဲ့အပြင်၊ အွန်လိုင်းပေါ်ကလုပ်တဲ့းဂိမ်းတွေမှာ ဖမ်းဆီးဖို့လည်း မလွယ်တာကြောင့် အင်တိုက်အားတိုက် ဆော့ကစားပြီး ငွေရှာနေကြတဲ့သူတွေ ဒုနဲ့ဒေးဖြစ်သလို၊ မွဲသွားသူတွေလည်း ဒုနဲ့ဒေးပါပဲ။ မိတ်ဆွေတို့လည်း ဒီလိုဂိမ်းတွေ မဆော့မိကြဖို့နဲ့ ရှောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

AI ကြောင့်ဖြစ်လာနိုင်တဲ့ ပြဿနာများ

Next
Next

Android 13 Beta Update ထွက်လာမယ့် Date ကို OnePlus ထုတ်ပြန်