OnePlus 6 နဲ့ 6T ကို Software support ပေးတာရပ်တော့မဲ့ OnePlus

2018 မှာထုတ်လုပ်ခဲ့တဲ့ OnePlus 6 နဲ့ 6T ကို Android OS update ကော Security patches update ကောပေးတာရပ်တော့မယ်လို့ OnePlus ကကြေငြာခဲ့ပါတယ်။ အဓိက Update 3 ခုနဲ့ security update 3 ခုပေးခဲ့တဲ့ 3 နှစ်တာကာလ ပြီးနောက် company က ဒီ မော်ဒယ်နှစ်ခုကို software update support ပေးတာအပြီးတိုင် ရပ်တော့မှာပါလို့ ကုမ္ပဏီရဲ့ တရားဝင် Website ကနေကြေငြာခဲ့ပါတယ်။

ဒီ Model နှစ်ခုဟာ လွန်ခဲ့တဲ့ သုံးနှစ်က Android 8.1 Oreo နဲ့ စျေးကွက်ထဲဝင်ခဲ့တာဖြစ်ပြီး Major update သုံးခုရရှိခဲ့ပါတယ်။ OnePlus 6 နဲ့ 6T ပိုင်ရှင်တွေအနေနဲ့ Custom ROM ကြောင့် Android 12 ကို Update လုပ်လို့ရဦးမှာပါ။

လွန်ခဲ့တဲ့သုံးနှစ်ကထွက်ခဲ့တဲ့ OnePlus 6 မှာ Snapdragon 845 , RAM 6GB/8GB , storage 64/128/256 Battery 3300 mAh တို့နဲ့ ထွက်ခဲ့တာြဖစ်ပါတယ်။ 6T မှာတော့ 6.41 inches, 3700 mAh Battery တို့နဲ့ထွက်ခဲ့တာဖြစ်ပါတယ်။

အခု OnePlus ရဲ့ Flagship series အသစ်ဖြစ်တဲ့ OnePlus 10 series မိတ်ဆက်ပြီးတဲ့နောက်မှာ OnePlus အနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကထွက်ခဲ့တဲ့ OnePlus 6 နဲ့ 6T ကို အပြီးတိုင် ရပ်ပစ်လိုက်တာတော့သိပ်မဆန်းပါဘူး။ဒါပေမဲ့ဖုန်းတစ်လုံးအနေနဲ့ သုံးနှစ်ပဲ ထုတ်တဲ့ကုမ္ပဏီက တာဝန်ယူမယ်ဆိုတာကတော့ နဲနဲတော့ဘဝင်မကျစရာပါပဲ။

Ref: Gizomchina

Author: Hein Htet

Previous
Previous

realme က ကမ္ဘာတစ်ဝန်းလုံးတွင် နံပါတ်စဥ်လိုက် (Number Series) စမတ်ဖုန်းများ အလုံးရေ သန်း ၄၀ အထိ ရောင်းချနိုင်ခဲ့ပြီ

Next
Next

AMD RDNA 2 Architecture ပါဝင်တဲ့ Exynos 2200 Processor