AI ကြောင့်ဖြစ်လာနိုင်တဲ့ ပြဿနာများ

ကမ္ဘာ့ထိပ်တန်း Tech Innovation ပိုင်ရှင် Elon Musk နဲ့ တရုတ်နိုင်ငံ ယန်စီမြစ်ကြီးထဲက မိချောင်းကြီး Jack Ma တို့ဟာ AI ရဲ့အကျိုးအပြစ်အကြောင်း ၂ ဦးမျက်နှာချင်းဆိုင် စကားပြော ဆွေးနွေးဖူးခဲ့ပါတယ်။ Elon အနေနဲ့ AI တွေဟာ ကောင်းကျိုးတွေရှိပေမယ့် ဘယ်လောက်ထိ ပြဿနာဖြစ်လာနိုင်ကြောင်းပြောခဲ့ပေမယ့် Jack Ma ကတော့ AI ဆိုတာ လူကဖန်တီးထားတာမို့ လူကိုမကျော်နိုင်ကြောင်း ငြင်းခဲ့ပါတယ်။

AI ဟာ Sci-Fi ရုပ်ရှင်တွေထဲကလို စက်ရုပ်တွေနဲ့ လူသားတွေကို ကျွန်ပြုတဲ့အဓိဆိုးမလာနိုင်သေးပေမယ့် သတိထားသင့်တဲ့အချက်တွေရှိပါတယ်။ အဲ့အချက်တွေကတော့

၁. အလုပ်အကိုင်နေရာယူလာခြင်း

စက်ရုံတွေနဲ့၊ ပစ္စည်းအကြီးအကျယ် ထုတ်လုပ်ရေးတွေမှာဆိုရင် စက်ရုပ်လက်တံတွေကို ပဲအဓိကသုံးကြတာကို သတိထားမိကြမှာပါ။ လောလောဆယ်မှာ စက်တွေကို မောင်းနှင်ဖို့ လူတွေကိုအသုံးပြုနေသေးပေမယ့် အနာဂတ်မှာ စက်တွေကို စက်ရုပ်တွေကပဲ ပြန်ထိမ်းသွားတော့မှာပါ။

၂. DeepFake

ယူကရိန်းစစ်ပွဲတုန်းက ယူကရိန်းသမ္မတပုံတွေနဲ့ ရုရှားဖက် Video အတုတွေကိ AI သုံးပြီးပြုလုပ်ခဲ့တာ ကြားဖူးကြမယ်ထင်ပါတယ်။ ဒါ့အပြင် နာမည်ကြီး Cele တွေရဲ့ အညှီအဟောက်တွေကို AI သုံးပြီး Video လုပ်ခဲ့တာတွေလည်းရှိပါတယ်။ လူတစ်ယောက်ရဲ့ အရှက်သိက္ခာကို မြောင်းထဲရောက်သွားအောင် လုပ်နိုင်တဲ့နည်းတွေပဲဖြစ်ပါတယ်။ ဒါတွေကို AI နဲ့ဖန်တီးနိုင်ပါတယ်။

၃. AI လက်နက်စစ်ပွဲ

နိုင်ငံအသီးသီးက စွမ်းရည်မြင့်လက်နက်တွေကို AI နဲ့ တစ်စွန်းတစ်စ ထိန်းချုပ်အသုံးပြုလာခဲ့တဲ့နောက်မှာတော့ တစ်ကယ်လို့ AI တွေက ကိုယ်ပိုင်ဉာဏ်ရည်မြင့်သွားပြီး လက်နက်တွေနဲ့ တိုက်ခိုက်မယ်ဆိုရင် ဆိုတဲ့ သီအိုရီတစ်ခုကလည်း လူတွေကြားမှာ ရေပန်းစားပါတယ်။ ဒါကလည်း စိုးရိမ်စရာအချက်တစ်ခုဖြစ်ပါတယ်။

တစ်ကယ်တော့ AI ဆိုတာ အနိမ့်ဆုံး ကျွန်တော်တို့ နေ့တိုင်းသုံးနေတဲ့ ဖုန်းမှာ Camera ကိုဖွင့်လိုက်ရင် မျက်နှာကို ဖြူသွားအောင်၊ ပါးရိုးပေါ်အောင်၊ ဝက်ခြံတွေပျောက်အောင် လုပ်ပေးနေတဲ့ နည်းပညာကိုခေါ်ပါတယ်။ တစ်ကယ်အစွမ်းထက်တဲ့ Super Computer ပေါ်မှာတော့ AI ဆိုတာ လုပ်နိုင်စွမ်းတွေ အများကြီးရှိသွားတဲ့ နည်းပညာဖြစ်သွားတာပါပဲ။ မိတ်ဆွေတို့ရော AI အကြောင်းဘယ်လောက်ထိ ဖတ်ဖူးကြလဲ။ ဘာတွေသိထားကြလဲဗျ

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဂြိုလ်တုကနေ စာတို့ပို့နိုင်တဲ့လုပ်ဆောင်ချက်ပါဝင်လာမယ့် Huawei Mate Xs 2

Next
Next

လောင်းကစားဂိမ်းတွေ App Store မှာကြော်ငြာလို့ မရတော့ပါ