ကနဦးကြေငြာထားတဲ့ ဈေးထက်ပိုကြီးလာမယ့် Tesla Cybertruck

မိတ်ဆက်ပြီးတဲ့နောက် လူတိုင်းပါးစပ်ဖျားမှာရော၊ အင်တာနက်မှာပါ နာမည်ကြီးသွားတဲ့ Tesla Cybertruck ဟာဆိုရင် ဈေးနှုန်းက ဒေါ်လာ ၄၀၀၀၀ ဝန်းကျင်ပဲရှိတာမို့ လူတိုင်းက ဝယ်စီးဖို့အားခဲထားပေမယ့် ဒီဈေးက ၂၀၁၉ မှာကြေငြာခဲ့ပြီး Elon Musk ကိုယ်တိုင်ပဲ ခုတော့ အများကြီးပြောင်းလဲသွားပြီလို့ ဆိုတဲ့စကားအရာ ဈေးတက်သွားဖို့ သေချာသလောက်ပါပဲ။

Tesla နှစ်စဥ် ရှယ်ယာရှင် တွေ့ဆုံပွဲကထွက်လာတဲ့ သတင်းတွေအရ Cybertruck ရဲ့ Specification တွေနဲ့ ဈေးနှုန်းတွေဟာ အခြေခံစားသောက်ကုန်ဈေးမြင့်မားမှု၊​ တစ်ခြားအပြောင်းအလဲတွေကြောင့် ဈေးအပြောင်းအလဲရှိလာမယ်လို့ ဆိုပါတယ်။ "အရမ်းကြမ်းတဲ့ ထုတ်ကုန်တစ်ခု၊ သောက်ရမ်းမိုက်တဲ့ စက်ပစ္စည်းတစ်ခု" အဖြစ်တော့ဆက်ရှိနေမယ်လို့ဆိုပါတယ်။

Musk အဆိုအရ Cybertruck ကိုအကြီးအကျယ် ထုတ်လုပ်မယ့်ခုနှစ်ဟာ ၂၀၂၃ နှစ်လည်လောက်စတင်မယ်လို့ဆိုပါတယ်။ အစပိုင်းတုန်းက ၂၀၂၁ နှစ်စမှာ Mass Production စတင်မယ်လို့ စီစဥ်ထားပေမယ့် August 21 2021 မှာ 2022 ကို ထုတ်လုပ်ရေးရွေ့ဆိုင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတာ့ ခုလို ၂၀၂၃ ထိရွေ့သွားခဲ့တာပါ။ Tesla က Cybertruck ထုတ်လုပ်ရေးကို ရွေ့ခဲ့ပေမယ့် ပြိုင်ဖက် Ford Rivian တို့ကတော့ EV Pickup ကားတွေ အပြိုင်အဆိုင် ထုတ်လုပ်နေကြပါတယ်။ Ford ဆိုရင် ၂၀၂၃ မှာ F150 EV ကို အစီးရေ တစ်သိန်းခွဲထိ ထုတ်လုပ်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် Cybertruck ကို မိတ်ဆက်ပြီးတဲ့နောက် Preorder ထားတဲ့အရေအတွက်ဟာ ၂၀၂၀ မှာတင် အစီးရေ ၆သိန်းခွဲရှိနေပြီး နောက်ပိုင်းလည်း ဆက်တိုးနေမှာ သေချာသလောက်ပါပဲဲ။ အတွင်းသတင်းတစ်ချို့အရ Tesla Cyertruck ကို မှာယူထားတဲ့အစီးရေ ၁ သန်းကျော်နေပြီးဖြစ်ပြီး ၁သန်းခွဲခန့်ထိ ရှိလာမယ့်လို့ ဆိုပါတယ်။ ဒါပေမယ့်ခုလို ဈေးနှုန်းတွေ တက်လာပြီးတဲ့နောက်ပိုင်း မှာယူထားတဲ့ Order တွေနဲ့ပတ်သတ်ပြီး ဘယ်လို ဆက်ကိုင်တွယ်မယ်ဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Aesthetic ဆန်ဆန် Short Videoတွေ၊ Reels တွေဖန်တီးမယ်ဆိုရင်

Next
Next

Google Modular Phone ( Project Ara)