ဓာတ်ပုံမှာမလိုအပ်တဲ့အရာဝတ္ထုတွေလူတွေကို ဖယ်ရှားပေးမဲ့ Magic eraser နဲ့ ငါးနှစ်တာ Android Security Update ကိုထောက်ပံမဲ့ Google Pixel 6

October 19 ရက်နေ့မှာမိတ်ဆက်တော့မဲ့ Google ရဲ့မျိုးဆက်သစ်ဖုန်း ဖြစ်တဲ့ Google Pixel 6 နဲ့ပတ်သက်ပြီး ပေါက်ကြားမှုတွေ ကောလဟာလတွေကို အမျိုးမျိုးနဲ့ Google က Hype အောင်လုပ်နေပါတယ်။ ဖုန်းနဲ့ပတ်သက်ပြီးလည်း နောက်ဆုံး အတည်ပြုထားတဲ့ပုံတွေထွက်လာတဲ့အတွက် လည်းတော်တော်များများက ဒီဇိုင်းပြောင်းလဲမှုထက်လုပ်ဆောင်ချက်အသစ်တွေကိုမျှော်လင့်နေကြပါတယ်။ အခုထွက်ရှိလာတဲ့ Marketing site ဘက်ကထွက်ရှိလာတဲ့ Leak က Camera နဲ့ပတ်သက်ပြီးတော်တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။

Google pixel 6 နဲ့ 6 pro အတွက် Marketing ပိုင်းမှာသုံးထားတဲ့ ပုံတွေဖြစ်ပြီး Google ကမကြာခင်မှာတော့ ဖြုတ်ချသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီပုံတွေကို ဒီမှာ ပြန်ကြည့်နိုင်ပါတယ်။ ပုံတွေကတော့ အဓိက အားဖြင့် Google Photo နဲ့ချိတ်ဆက်မဲ့ လုပ်ဆောင်ချက်အသစ် Magic eraser အကြောင်းပဲဖြစ်ပါတယ်။

Magic eraser လုပ်ဆောင်ချက်ကတော့ပုံတွေထဲမှာမလိုအပ်တဲ့ လူတွေနဲ့ အရာဝတ္ထုတွေကို ခလုတ်တချက်နဲ့ဖျောက်ပစ်နိုင်တာပါ။ Remove stranger and unwanted object in Google Photo လို့ပြောထားတဲ့အတွက် ဓာတ်ပုံတွေအတွက် AI ပိုင်းလုပ်ဆောင်ချက်အသစ်ဖြစ်ပါတယ်။

Pixel 6 နဲ့ပတ်သက်တဲ့တစ်ချို့အချက်တွေကတော့ အတည်ပြုပြီးသွားပြီပဲဖြစ်ပါတယ်။ Pixel 6 မှာ 50MP main sensor နဲ့ 12 MP ultra wide lens ပါဝင်မှာဖြစ်ပြီး Pixel 6 pro မှာ 48 MP Telephoto lens ပါဝင်မှာပဲဖြစ်ပါတယ်။

Leak image နဲ့အတူထပ်တွေ့ရမှာကတော့ Google pixel 6 ကို Android security update ငါးနှစ်တာရရှိမှာဖြစ်ပြီး 2026 အထိဖြစ်ပါတယ်။ Pixel 6 နဲ့ 6 pro event မှာ Google ကခဏခဏ Highlight လုပ်နေတဲ့ Tensor processor အကြောင်းလဲပါဝင်လာမှာဖြစ်ပါတယ်။

Author : Hein Htet

Ref: theverge

Previous
Previous

သုံးပြီးသား iPhone တွေဝယ်ရင်သိထားရမဲ့အချက် ငါးချက်

Next
Next

လက်ရှိ design ကိုပဲ iPhone SE 3 မှာဆက်သုံးလာနိုင်လား?