သုံးပြီးသား iPhone တွေဝယ်ရင်သိထားရမဲ့အချက် ငါးချက်

iPhone တွေဟာ နှစ်တွေကြာလာသည့်တိုင်အောင် စျေးနိုမ်လို့မရတဲ့ တစ်မျိုးထဲသော Brand ဖြစ်ပါတယ်။ သေသေချာချာ စည်းကမ်းရှိရှိရိုရိုသေသေကိုင်မယ်ဆိုရင် နှစ်နှစ် သုံးနှစ်ကြာသည့်တိုင်‌အောင် စျေးကောင်းနဲ့ရောင်းလို့ရပါသေးတယ်။ ဒါပေမဲ့ အသစ်လည်းစျေးကြီးပေးပြီးမကိုင်ချင်ဘူး Used ထဲကပဲဝယ်မယ်ဆိုရင်အများစုက iPhone ကိုပဲရွေးချယ်ကြပါတယ်။ အဲ့တာကြောင့် iPhone second ကိုင်မယ်ဆိုရင် သိထားရမဲ့ အချက်တစ်ချို့ကိုဖော်ပြလိုက်ပါတယ်။

1.      Sim unlock အလုံးဟုတ်မဟုတ်စစ်ပါ။

တစ်ချို့ iPhone တွေက Carrier lock ကျနေတာမျိုးတွေဖြစ်တာပါတယ်။သဘောက တော့ ဒီ iPhone က AT&T နဲ့ ပဲ အလုပ်လုပ်ဖို့ထုတ်ထားတဲ့ iPhone ဆိုရင် တခြား sim card ထဲ့ပြီး သုံးလို့ရမှာမဟုတ်ပါဘူး။ လူကိုယ်တိုင် Face to Face ဝယ်ရင်တော့ပြဿနာမရှိပေမဲ့ Website တွေက ဝယ်မယ်ဆိုရင် carrier unlock အလုံးဖြစ်ဖြစ်စစ်ဖို့လို့ပါတယ်။ Sim unlock ဖြည်ရတာ ပိုက်ဆံလည်းထပ်ကုန်ပြီးအလုပ်လဲရှုပ်တာကြောင့်မဝယ်ခင်ထဲက သေချာစစ်သင့်ပါတယ်။

2.      Apple ID အရှုပ်အရှင်းရှိမရှိသေချာစစ်ပါ။

တစ်ချို့အသုံးပြုပြီးသား iPhone တွေကတော့ Apple ID ပြဿနာရှိနေရင် Apple ID Lock ကျသွားတက်ပါတယ်။တစ်ချို့ ကျတော့ Apple ID ကိုပဲ Log out ထွက်ပြီး ရောင်းလိုက်တာမျိုးရှိပါတယ်။ ဥပမာ Apple ID ကတစ်ခါတစ်လေကျရင် App store မှာ မထွက်ထားပဲ  နဲ့ ကိုယ်ကထွက်လိုက်ပြီး ထင်ပြီး ကိုယ့် Password ကိုရိုက်ထဲ့လိုက်ကာမှာ Apple ID lock ကျသွားတာမျိုးတွေဖြစ်တက်ပါတယ်။ အဲ့တာကြောင့် Apple ID အရှုပ်အရှင်းရှိမရှိ setting ထဲနဲ့ App store တို့မှာ သေချာစစ်ပြီး Factory data reset ချထားမျိုးကိုပဲရွေးချယ်သင့်ပါတယ်။ အခိုးခံရပြီးပြန်ရောင်းထားတဲ့အလုံးဆိုရင်တော့ သေချာပေါက်ကို Disable ဖြစ်နေမှာပါ။ လက်ရှောင်လိုက်ပါ xD

3.      ကိုယ်ဝယ်မဲ့ ဖုန်းက Refurbished လား Replacement လား Personalized လားသေချာစစ်ပါ။

တစ်ချို့ က Refurbished တွေကိုဖုန်းအသစ်တွေနဲ့ ရောတက်ပါတယ်။ Refurbished ဆိုတာတော့ Apple က Factory error ကြောင့်ပဲဖြစ်ဖြစ် error တစ်ခုခုကြောင့်ဖြစ်ဖြစ် သူတို့ဆီပြန်ရောက်လာပြီး အသစ်အတိုင်းပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကိုပြန်လဲပြီး ပြန်ရောင်းတာဖြစ်ပါတယ်။ Replace ကတော့ original ဖုန်းတစ်လုံးနေရာမှာ အခု Modelအသစ်တစ်လုံးနဲ့ အစာထိုးထာဖြစ်ပါတယ်။ Personalized ကတာ့ Apple ဆီက Official ဝယ်ကတည်းက ကိုယ်ကြိုက်တဲ့ စာတွေပုံတွေထွင်းထားတာကိုပြောတာပါ။ စစ်မယ်ဆိုရင်တော့  setting ထဲက General ထဲက About ကိုဝင်လိုက်ပါ။ Model နေရာမှာ ဥပမာ MN572LL/A လို့ ပြပါလိမ့်မယ်။အရှေ့ဆုံးက စလုံးက M ဆိုရင်တော့ Brand new device မဖောက်ရသေးတဲ့အသစ်ဖြစ်ပါတယ်။ F ဆိုရင်တော့ Refurbished အလုံးဖြစ်ပါတယ။ N ဆိုရင်တော့ Replacement အလုံဖြစ်ပြီး P ကတော့ personalized အလုံးဖြစ်ပါတယ်။ နောက်ပိုင်း Apple ကတော့ အထဲကပစ္စည်းတွေအစားထိုးထားရင် အစားထိုးထားတဲ့ပစ္စည်းက Apple ပစ္စည်းအစစ်အမှန်မဟုတ်ဘူးဆိုရင် setting ထဲမှာပြပါတယ်။ iPhone 13 မှာဆိုရင် display က Apple display မဟုတ်ဘူးဆိုရင် face ID သုံးလို့ရမှာမဟုတ်ပါဘူး။

check-iphone-new-refurbished-replacement-450x800.jpg

4.      Battery ကိုစစ်ပါ။

Battery ကိစ္စကလည်း iPhone user တွေကြားထဲမှာသို့လောသို့လော တော်တော် စကားပြောရတဲ့ ကိစ္စပါ။ Apple ကလည်း Battery percentage capacity ကို setting ထဲမှ ပြပေးလိုက်ထဲကတော်တော်ဂယက်ထသွားတာပါ။  အဲ့တော့ မဝယ်ခင် Face to Face ကို ဂိမ်းတွေဘာတွေဆော့ကြည့်ပြီး Battery အကျမြန်လား သေချာစစ်‌ဆေးပါ။ နောက်တစ်ခုကတော့ Battery percentage က ၈၀ အောက်ကျနေပြီဆိုရင်တော့ မဝယ်သင့်တော့ပါဘူး။

603025f9623bd30012bcc506.jpg

5.      ရေဝင်ထားလား မဝင်ထားလားစစ်ပါ။

iPhone 7 plus နဲ့နောက်ပိုင်းဖုန်းတွေက ရေစိုခံတယ်ဆိုပေမဲ့ ရေဝင်မခံပါဘူး။ အဲ့တော့ Water damage ဖြစ်နေလား မဖြစ်နေဘူးလားဆိုတာ ကို iPhone 6 နဲ့နောက်ပိုင်းဖုန်းတွေမှာ ဖုန်းထဲရေဝင်ထားလားမထားဘူးလားဆိုတာကိုစစ်လို့ရပါတယ်။ sim card slot ကိုဖြုတ်ပြီး အထဲကိုကြည့်လိုက်မယ်ဆိုရင် အထဲမှာ အနီရောင်လေး မြင်နေရတယ်ဆိုရင် အဲ့တာ ရေထိထားတယ်လို့ပြတာပါ။ အဲ့အနီရောင်လေးကရေနဲ့ထိရင် အနီရောင်ပြောင်းတဲ့ စက္ကူစလေးဖြစ်ပါတယ်။

Author : Hein Htet

Ref: insider

 

 

Previous
Previous

ကမ္ဘာ့ပထမဆုံး Play-to-Eat ဂိမ်း ဖြစ်သည့် RFOX Run အား ကစား၍ foodpanda ဘောင်ချာများ ရယူနိုင်မည့် အစီအစဉ်အား RFOX Media မှ စတင်မိတ်ဆက်

Next
Next

ဓာတ်ပုံမှာမလိုအပ်တဲ့အရာဝတ္ထုတွေလူတွေကို ဖယ်ရှားပေးမဲ့ Magic eraser နဲ့ ငါးနှစ်တာ Android Security Update ကိုထောက်ပံမဲ့ Google Pixel 6