လက်ရှိ design ကိုပဲ iPhone SE 3 မှာဆက်သုံးလာနိုင်လား?

iPhone SE ရဲ့အစ 

၂၀၁၆ မတ်လက စပြီးမိတ်ဆက်ခဲ့တဲ့ Apple ရဲ့ iPhone SE နဲ့ မနှစ်က SE 2 ကြားမှာ ၄နှစ်လောက်ခြားခဲ့ပေမယ့် SE 3 ကိုတော့ နောက်နှစ်အတွင်းမှာ မြင်ရလာနိုင်ပါတယ်။ ဒီဇိုင်းပိုင်းကြီးကြီးမားမားပြောင်းလဲမှုကိုမြင်ရမှာမဟုတ်ပဲ Macotakara blog ရဲ့ အဆိုအရတော့လက်ရှိ ဒီဇိုင်းဖြစ်တဲ့ 4.7 inch LCD display ကို aluminum body နဲ့ပဲဆက်လက် ပွဲထွက်လာဖွယ်ရှိနေပါတယ်။ Apple အနေနဲ့ SE lineup ကိုစတင်မိတ်ဆက်ခဲ့စဥ်တုန်းက အဲ့အချိန်တုန်းက iPhone 5S ရဲ့ လူကြိုက်များခဲ့ design ကြောင့် compact phone ပရိသတ်တွေကိုလိုက်လျောတဲ့အနေနဲ့ ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး original iPhone SE ဟာ တော်တော်လဲရောင်းခဲ့ရပါတယ်။ဒါ့ကြောင့် iPhone SE 2 ကိုလူတော်တော်များများကလဲ မျှော်ခဲ့ကြပါတယ်။ ဒါပေမယ့်အဲ့ဒီကာလတုန်းက အကြီးဆုံးလို့ပြောလို့ရတဲ့ phablet တွေရဲ့ display size တွေတောင် 6 inch ကိုမကျော်သေးတဲ့အတွက် Original iPhone SE ရဲ့  4 inch display လေးဟာ ဘောင်၀င်တန်း၀င်ရှိနေခဲ့ပါသေးတယ်။ ဒါပေမယ့် အခု 2021 လိုမျိုးလိုအပ်ချက်တွေအရမ်းများလာတဲ့အချိန်မှာ compact phoneကိုအရမ်းသဘောကျတဲ့သူတွေကလွဲရင် iPhone SE 2 ရဲ့ 4.7 inch ကိုရွေးဖို့ကိုတော့ လူတော်တော်များများလက်တွန့်ကြမှာပါပဲ။ တစ်ဖက်မှာလဲ Apple ဟာ ဒီ $399 တန် iPhone ကိုလူတွေစိတ်၀င်စားလာအောင် Apple subscription service တွေဖြစ်တဲ့ Apple Music, Arcade, Apple TV စတဲ့ service တွေကို အမြည်းသဘောမျိုးပေးပြီးစွဲဆောင်ခဲ့ပါသေးတယ်။ 

iphone-8-1.png

Enter: iPhone 12 mini


 ဒီပြဿနာကို Apple ဖြေရှင်းခဲ့တဲ့နည်းလမ်းကတော့ iPhone 12 mini ကိုမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ compact ဖြစ်တဲ့ size ကိုမှ OLED display၊ Powerful ဖြစ်တဲ့ 5G chipset စတာတွေ ထည့်ပေးခဲ့ပေးမယ့်လဲ compact phone တွေရဲ့ ပြဿနာဖြစ်တဲ့ battery size သေးခြင်းဟာ iPhone 12 mini ကိုမှန်းချက်နဲ့နှမ်းထွက်မကိုက်စေခဲ့ပါဘူး။ iPhone 12 mini ရဲ့ရောင်းအားဟာ Apple ထင်ထားသလောက်မရောင်းချခဲ့ရပဲ mini lineup ကို 2022 မှာဖြုတ်ပစ်ရဖို့လောက်ထိဖြစ်လာခဲ့ပါတယ်။ဒါ့ကြောင့် iPhone 13 mini ဟာ မကောင်းတတ်လို့အရှက်ပြေဆက်ထုတ်တယ်ဆိုတာကလွဲပြီး ဒီနှစ်လဲသိပ်ရောင်းရဖို့မမြင်ပါဘူး။ upgrade လုပ်မယ့်သူရော အခုမှ စ၀ယ်မယ့်သူတွေရောဟာdisplay size ပိုကြီး battery ပိုခံတဲ့ 13, 13 Pro, 13 Pro Max စတာတွေကိုပဲရွေးချယ်ဖြစ်ဖို့များပါတယ်။ ဒါ့ကြောင့် portable ပိုဖြစ်ပေမယ့် ရေရှည်မှာ နေ့စဥ်လိုအပ်ချက်တွေကိုထင်သလောက်မဖြည့်ဆည်းပေးနိင်တဲ့ compact phone တွေကိုလူတွေတဖြည်းဖြည်းနဲ့စွန့်လွှတ််လာကြပြီလားလို့တောင်သံသယ၀င်လာမိပါပြီ။

iPhone SE 3: Apple’s cheapest 5G smartphone?

2020 iPhone SE ရဲ့ design ကိုပဲပြန်သုံးလာမယ်ဆိုပေမယ့် chipset ကတော့ 5G ရတဲ့ chipset ကိုသုံးပေးလာမှာဖြစ်လို့ အခုလက်ရှိ iPhone 13 series မှာသုံးထားတဲ့Qualcomm Snapdragon X60 5G modem ပါတဲ့ A15 bionic သို့မဟုတ် 14 bionic ကိုသုံးပေးလာမှာပါ။ သေချာတာကတော့ Apple ဟာ iPhone SE 3 ကို စျေးအသက်သာဆုံး 5G သုံးလို့ရတဲ့ iPhone အဖြစ်မိတ်ဆက်ပြီး တစ်နေ့တစ်ခြားကျယ်ပြန့်လာတဲ့ android ရဲ့ စျေးသက်သာတဲ့ 5G midrange smartphone စျေးကွက်ကို၀င်ပြိုင်ဖို့ကြိုးစားမှာပါ။ 5G နဲ့ $399 ဆိုတဲ့ price tag ကို လက်နက်လိုအားကိုးပြီးတိုး၀င်လာဦးမှာပါ။ iPhone SE 3 ရဲ့ production ကို ဒီဇင်ဘာလထဲမှာစတင်မှာဖြစ်ပြီး 2022 spring ‌လောက်မှာမိတ်ဆက်လာနိုင်ပါတယ်။ ဒါ့ကြောင့် 13 mini ကိုလဲလက်ရှောင်တဲ့သူတွေအဖို့ နောက်နှစ်အတွက် iPhone SE 3 ဟာ တစ်ခုထဲသောရွေးချယ်စရာ စျေးသသက်သာတဲ့ 5G compact smartphone ဖြစ်လာတော့မှာပါ။ 


Previous
Previous

ဓာတ်ပုံမှာမလိုအပ်တဲ့အရာဝတ္ထုတွေလူတွေကို ဖယ်ရှားပေးမဲ့ Magic eraser နဲ့ ငါးနှစ်တာ Android Security Update ကိုထောက်ပံမဲ့ Google Pixel 6

Next
Next

အနာဂတ်ကိုကြိုတင်မြင်နိုင်သလား ? 2050 ခေတ်ကကမ္ဘာကြီးကိုသွားကြည့်ရအောင်