ဒီအပတ်ထဲမှာ tease သမျှ leak သမျှ Smartphone တွေရဲ့ သတင်းများ

Render နဲ့စျေးနှုန်းတွေ leak လာတဲ့ Galaxy S21 FE

2022 January လောက်မှာထွက်လာမယ့် S21 FE ရဲ့ render ပုံရိပ်တွေထပ်မံထွက်ပေါ်လာပါတယ်။  S21 series ရဲ့  two tone color မပါတဲ့ contour design ကိုအသုံးပြုထားတာကိုတွေ့ရပြီး  အရောင် ၄မျိုးနဲ့လာမှာပါ။

ပါလာနိုင်တဲ့ specs တွေကတော့ Snapdragon 888, 6.41-inch AMOLED FHD+ display ကို 120Hz ပါ၀င်မှာဖြစ်ပြီး 12MP(main) + 12MP (ultrawide) + 8MP (telephoto) triple camera နဲ့ 32MP selfie cameraတို့ပဲ ဖြစ်ပါတယ်။  Europe မှာ 649 Euro ကနေစတင်ရောင်းချလာနိုင်ပါတယ်။ 

Snapdragon 8 Gen 1 ကိုပထမဆုံးအရင်သုံးမယ်လို့အပြိုင်ကြေငြာလာကြတဲ့ Xiaomi နဲ့ Motorola

Qualcomm ရဲ့ flagship mobile chipset ဖြစ်တဲ့ 800 series ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ နာမည်အသစ်နဲ့ Snapdragon 8 Generation 1 ကို မိတ်ဆက်အပြီး Xiaomi ရဲ့  12 series မှာစတင်အသုံးပြုလာမယ်လို့ tease လုပ်သွားပါတယ်။ 

Poster အရတော့ Xiaomi 12 နဲ့ world debut လုပ်မယ်လို့ဆိုထားပေမယ့် release date ကိုခုထိမသိရသေးပါဘူး။ ဒါပေမယ့် Xiaomi 12 series ကတော့ mass production စတင်နေပြီလို့ Xiaomi ကကြေညာထားပါတယ်။ ဒါပေမယ့် Motorola က Moto X30 Edge ကို December 9 မှာ Snapdragon 8 Gen 1 နဲ့ ပထမဆုံးအဖြစ်မိတ်ဆက်မယ်လို့ ကြေငြာပြီးသွားပါပြီ။

ဘယ် phone ကအရင်မိတ်ဆက်ပြီး Snapdragon 8 Gen 1 ကိုစသုံးလာမယ်ဆိုတာကတော့ December လထဲမှာပဲသိရတော့မှာပါ။ ခန့်မှန်းရသလောက် Xiaomi 12 ကို December 12 ရက်နေ့မှာမိတ်ဆက်လာမယ်လို့မျော်လင့်ရပါတယ်။

realme ရဲ့ premium flagship ဖြစ်လာမယ့် GT 2 Pro

realme က၄င်းတို့ရဲ့ premium flagship smartphone အသစ်အဖြစ် GT 2 Pro ကိုဖန်တီးသွားမယ်လို့ tease လုပ်သွားပါတယ်။  camera setup ပုံစံအသစ်နဲ့ rounded corner design ကိုအသုံးပြုထားပြီး Qualcomm ရဲံ့ snapdragon 8 Gen 1 ကိုအသုံးပြုလာမယ်လို့ဆိုပါတယ်။ 

GT 2 Pro ဟာ realme ရဲ့ Pro အကျဆုံးနဲ့ Premium အဆန်ဆုံး flagship ဖြစ်လာမယ်လို့လဲ realme ကပြောဆိုထားပါတယ်။ 

Previous
Previous

ပထမဆုံး Foldable ဖုန်း Find N ကိုပြသလိုက်တဲ့ OPPO

Next
Next

vivo မှ Y Series အသစ်ဖြစ်သည့် Y33s ကို မြန်မာနိုင်ငံ၌ မကြာခင် မိတ်ဆက်တော့မည်