iPod ထုတ်လုပ်မှုကိုတရားဝင်ရပ်နားလိုက်ပြီဖြစ်တဲ့ Apple

အိတ်ကတ်ထဲကသီချင်းပေါင်း ၁၀၀၀ ၂၀၀၁ ခုနှစ်မှာပထမဆုံး iPod ကိုမိတ်ဆက်ခဲ့ပြီးထဲက iPod ဟာ music industry နဲ့ pop culture ရဲ့  icon တစ်ခုလိုကိုဖြစ်ခဲ့ပြီး သီချင်းချစ်သူအားလုံးရဲ့ လက်စွဲ device လေးဖြစ်ခဲ့ပါတယ်။ iPod ကိုမဝယ်ဖူးရင်တောင် iPod ရဲ့ silhouette ad ကိုတော့မြင်ဖူးကြပါလိမ့်မယ်။ iPod ဟာ iMac ပြီးရင်ဒုတိယ hit အဖြစ်ဆုံး consumer product ဖြစ်ခဲ့ပြီး Apple ကို trillion တန်တဲ့ company ဖြစ်အောင် foundation ချပေးခဲ့တဲ့ product လို့တောင်ပြောလို့ရပါတယ်။ iPod ကိုအခြေခံပြီးနောက်ထပ် Apple ကိုငွေအရှာပေးနိုင်ဆုံး iPhone ကိုဖန်တီးခဲ့တာလဲဖြစ်ပါတယ်။

စတင်မိတ်ဆက်ခဲ့တဲ့အချိန်ကနေစပြီး အခုချိန်ထိ ၂၁ နှစ်တိတိရပ်တည်ခဲ့တဲ့ iPod ကို Apple ဟာ model မျိုးစုံကို generation အမျိုးမျိုးနဲ့ ရောင်းချခဲ့ပါတယ်။ ဆယ်စုနှစ်၂ခုစာအတွင်းမှာ Apple မိတ်ဆက်ခဲ့တဲ့ iPod လေးတွေကိုပြန်ကြည့်ရအောင်။ ဒီထဲက ဘယ် iPod model ကိုများပိုင်ဆိုင်ခဲ့ဖူးလဲ?

၂၀၀၁ ခုနှစ် အောက်တိုဘာလ ၂၃ မှာပထမဆုံး iPod ကိုမိတ်ဆက်ခဲ့ပြီး  5GB version ကို $399 နဲ့စတင်ရောင်းချခဲ့တာဖြစ်ပြီး ပထမတစ်လအတွင်းမှာတင် အလုံးရေတစ်သိန်းကျော်ရောင်းခဲ့ရပါတယ်။နောက်နှစ် ၃လပိုင်းမှာတော့ 10GB version ကို $499 နဲ့ထပ်မံရောင်းချခဲ့ပါတယ်။၂၀၀၂ မတ်လမှာတော့ iPod 2nd gen ကိုမိတ်ဆက်ခဲ့ပြီး mechanical wheel အစား touch-sensitive wheel ကိုပြောင်းသုံးခဲ့ပါတယ်။ storage ပမာဏကိုလဲပိုတိုးခဲ့ပြီး သြဂုတ်လမှာတော့ windows user တွေပါသုံးလို့ရအောင်လုပ်ပေးခဲ့ပါတယ်။ classic model ဟာ 6th gen ထိထွက်ရှိခဲ့ပါတယ်။

၂၀၀၄ မှာတော့ design အသစ် နဲ့ iPod mini ကိုမိတ်ဆက်ခဲ့ပြီး 4GB ကို $249 နဲ့ရောင်းချခဲ့ပါတယ်။ ၂၀၀၅ မှာတော့ 2nd gen ကိုမိတ်ဆက်ခဲ့ပါတယ်။

 အဲ့နှစ်မှာပဲ nano model ကိုမိတ်ဆက်ခဲ့ပြီး flash memory နဲ့ဖြစ်သွားကာ photo အတွက် color screen ပါဝင်လာပါတယ်။ iPod nano model ကို 7th gen ထိထုတ်လုပ်ခဲ့ပါတယ်။

 အဲ့နောက်မှာတော့ screen မပါတဲ့ entry level iPod shuffle ကိုမိတ်ဆက်ခဲ့ပြီး 4th gen ထိထွက်ရှိခဲ့ပါတယ်။

 ပထမဆုံး iPhone ကိုမိတ်ဆက်အပြီးမှာတော့ touch screen နဲ့ iPod touch ကို ၂၀၀၇ခုနှစ် စက်တင်ဘာ ၅ရက်နေ့မှာမိတ်ဆက်ခဲ့ပြီး 7th gen အထိထွက်ရှိခဲ့ပါတယ်။ နောက်ဆုံး 7th gen မှာတော့ A10 fusion chip၊ 4 လက်မ retina display တို့ပါဝင်ပြီး ၂၀၁၉မှာမိတ်ဆက်ခဲ့ကာ လက်ရှိ stock ကျန်တဲ့ထိဆက်လက်ရောင်းချသွားမယ်လို့ ကြေငြာထားပါတယ်။

iPod ဟာ personal portable device အဖြစ်ကနေ iPhone ကိုမိတ်ဆက်တဲ့အချိန်မှာတော့ music app ဖြစ်သွားပြီးတော့ အခုချိန်မှာတော့ ရပ်ဆိုင်းလိုက်ပြီပဲဖြစ်ပါတယ်။ Music industry ရဲ့ revolution ဖြစ်ခဲ့သလို 90s born တွေတစ်သက်မှာတစ်ခါတော့ထိတွေ့ဖူးမယ့် personal device တစ်ခုဖြစ်ခဲ့ပါတယ်။

Previous
Previous

Android 13, Pixel 6a နဲ့ Pixel Watch တို့ကို မိတ်ဆက်လာနိုင်တဲ့ Google I/O conference

Next
Next

“Style သစ်လွင် Selfie ဘုရင်” ဟူသော ဆောင်ပုဒ်နှင့်အညီ မြင့်မားသော ကင်မရာလုပ်ဆောင်ချက်အရည်အသွေးများဖြင့် ထွက်ရှိလာသည့် OPPO F21 Pro မြန်မာနိုင်ငံဈးကွက်သို့ရောက်ရှိ